နှင်းဆီဝါခံကတို့(၂)-ရွှေ ကြယ် မိုး
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
text-align:center;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
တကယ့်ကို နောက်ဆုံးအချိန်တွေပါပဲ
ငယ်ငယ်တုန်းက ၀လုံးဝိုင်းဝိုင်းလေးတွေကို
ပန်းချီကားတစ်ချပ်ဆွဲပြီး သိမ်းထားချင်မိတယ်
နေ၀င်ချိန်ရှုခင်းထဲက ဖုန်သားအတိလှည်းလမ်းတွေဆီ
အရိုင်းခေါ်သံတွေ မရောက်လာစေချင်ဘူး
ကိုယ်နိုင်ရာကိုယ်တည်ဆောက်ကြတာပဲဆိုပေမယ့်
ကိုယ်တို့ကြောင့် ဒီတောင်ပေါ်လေတွေ ဘယ်တော့မှ မပုပ်သိုးစေရဘူး
အိပ်မက်တွေလိုပေါ့
တစ်ရက်ထက်တစ်ရက်နောက်ကျသွားတိုင်း လွင့်ပြယ်သွား
အစိမ်းဆန်တဲ့ အငွေ့အသက်တွေနဲ့ အတူ
မျက်မှောင်ကြုတ်ထားတာတွေအကုန်လုံး နာကျင်ခဲ့တာပါ
အသိတရားထဲမှာ ဝေဆာနေတဲ့ပန်းတွေ
အမှန်တကယ်ပွင့်ခဲ့ပြီထင်လား နှင်းဆီဝါလေးရေ
တစ်ခါတစ်လေမှာ ညလုံးပေါက်စီးကရက်တွေထဲ
နှောင်ကြိုးတွေဖြေချပစ်လိုက်ချင်တာ လွမ်းစရာပဲ
ထနောင်းဆူးတွေအပြိုင်းအရိုင်းလွင့်ကျနေတဲ့
ဒီရိုးတန်းကြီးတစ်လျှောက်လုံးကို
လောင်းရိပ်တွေနဲ့ မရှင်သန်ချင်ပေမယ့်
ခေတ်ရဲ့ တာဝန်ကိုတော့ ကိုယ်စီကြေကြရမှာပေါ့
So truth is which is true for me တဲ့
ငါတို့ရဲ့ အမှန်တရားဟာ ငါတို့ရဲ့ လွတ်လပ်ခြင်းပါပဲ
ရင်ဆိုင်ကြစို့…တို့တွေ ရင်ဆိုင်ကြစို့
ရန်သူက မျိုးစုံအောင် မျက်လှည့်ပြလိမ့်မယ်
မျိုးစုံအောင်ချကျွေးလိမ့်မယ်
မျက်ခြေမပြတ်စေနဲ့-မစားမိစေနဲ့
နှင်းဆီဝါလေးရေ
အားတင်းပြီး ၀ပ်နေစမ်းပါ
ခုခံလို့ ခုခံနေမှန်း မသိရအောင်
တို့ ခုခံနေကြတယ်လေ
နောက်ဆုံးအချိန်တွေပါပဲ
မကြာခင် လယ်ကွင်းတွေ ဟိုဘက်ဆီက
တောလမ်းလေးဆီ လမ်းလျှောက်ခွင့် ငါတို့ရမယ်
ရွှေ ကြယ် မိုး
Comment #2
ကေါင်းလိုက်တဲ့ကဗျာ
အားပေးသွားပါတယ် ကိုရွှေကြယ်မိုးရေ
Comment #1
အားပေးသွားပါတယ်…။။။