အမည်မဲ့
အမည်မဲ့
အကြိမ်ကြိမ် နေ၀င်ခဲ့တာတောင်
ဘ၀ခရီးက မဆုံးနိုင်ဖူး
ရှုံးခဲ့ရတာ အလီလီ
မွေးရာပါ အသိစိတ်ထဲက
မပီမသ အတိတ်တစ်ချို့
စဉ်းစားလိုက်တိုင်း အတွေးခေါင်စရာ
ပြာချထားတဲ့ သမိုင်းစထဲမှာ
ကိုယ့်ကိုကိုယ် သူရဲကောင်းအဖြစ်
အရှုံးအားလုံး
နယ်နှင်ဒဏ် ပေးလိုက်တယ်…….
(ဂျွန်မိုးအိမ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service