တဘ၀လုံးရဲ့ ဘာသာဗေဒ
ကဝေမလေးရဲ့ တိုးတိတ်စွာ
ရယ်လိုက်တဲ့ အသံက
ငါမပိုင်တဲ့ မြူတွေတောင် မီးပြတိုက်ထွန်းပြီး
အတူတကွ လွမ်းပေးခဲ့ရတယ်
တရေးနိုး မရွတ်မိပေမယ့်
အသိရှိရှိနဲ့တော့ အဲ့ဒီနာမည်လေးကို
ရွတ်နေဆဲပါ
“မင်းဟာ ငါမထိုးပဲ ငါကိုယ်တိုင်စိုက်ခဲ့တဲ့ဓားတချောင်း
နောက်ကျောလုံအောင် ထုတ်ချင်းပေါက်ထိုးခဲ့ပြီး”
မနက်ဖြန်များတိုးတိတ်စွာလာပါ
ချစ်သူရဲ့ သံချေးတက်မှုတွေအတွက်
တိမ်တအုပ်တိုးတိတ်စွာခေါ်လာချင်လို့ပါ
ဥတုသုံးပါး မင်းနှင်ရာ အရပ်ငါ ရောက်စေပေါ့
အဲ့ဒီ လက်ချောင်းလေးတွေ
ကြမ်းတမ်းမှု လင်္ကာ မပါပေမယ့်
ဒူးထောင်အညံ့ခံမှုမှာ
မျက်ရည်တွေကိုတောင် အက်စစ်ခိုစေခဲ့တယ်
လောကနီတိတောင် မတတ်သာတဲ့ အပြုံးကို
ပြတတ်တဲ့ သူမအတွက်
တဘ၀လုံး ပိုနေတဲ့ရေတွေ သွန်ပြီးပြန်လာမယ်
ap
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service