နှလုံးသားအံဝှက် လွဲခဲ့တဲ့ အနာဂတ်
ဘ၀ရဲ့ နှလုံးသား အခန်းလေးခန်းထဲကို
တပိုင်းတစ ချဉ်နင်းဝင်ယုံနဲ့
ငါ့မျက်ရည်တွေနဲ့ ငါနားလည်မှုလွဲခဲ့ရတယ်
ငါဟာပျော့ညံခဲ့တာလား
မာကျောမှုတွေကို မင်းခိုးဝှက်ခဲ့တာလားဆိုတာ
တံတွေးခွက်တွေကြားမှာ ကိုယ့်တံထွေးကို
ခိုးကြောင်ခိုးဝှက် ပြန်မျိုချခဲ့ရတဲ့အထိပဲ…
..
ငါမှားခဲ့လား….
ငါအမှန်မမြင်ခဲ့တာလား…
ယောင်ဝါးဝါးအတွေးတွေကြား
မသိမသာဝေးကွာခြင်းဟာ လက်ပြခွဲခွာမှုတွေထက်
ခေါင်းစဉ်တပ် ခက်ခဲ့ပြီးလား
ခပ်တည်တည်နဲ့ ကံကြမ္မာကို နားရင်းအုပ်ခဲ့ပြီးမှ
နောက်လှည့်ဖို့ အင်းအားမရှိတဲ့ခြေလှမ်း
ဒူးထောက်ရင်းနဲ့ ဇာတ်သိမ်းခဲ့ပြီး
မင်းသတ်ခဲ့တဲ့ ကျည်ဆံကို မုန်းမိပေမယ်
အဲ့ဒီယမ်းငွေ့လေးကို တဘစာ ရောင်ရဲမိပြန်တယ်
“စုဆောင်းခဲ့တဲ့ အမှတ်တရတွေကို
ခွဲခွာခြင်းတွေ နဲ့ အသားကျအောင် လုပ်ယူရမှာပေါ့”
အဲ့ဒီအမှတ်တရ
အဲ့ဒါတွေကို အဓိပ္ပာယ်လှပစေမယ့် ပျော်ရွှင်မှု
နှစ်ယောက်သားမထင်ခဲ့ကြတဲ့ နေ၀င်တရောအချိန်
ဘ၀တခုထက် မြင့်မြတ်တဲ့ ကတိတရား
အကုန်လုံးက အခုအချိန်မှာ ငါ့ကို သေစေနိုင်လောက်တဲ့လက်နက်တွေကြည့်ပဲ
မသတ်ခင်ကတည်း က “သေလူ” ဟာ
ထပ်သတ်တော့ လည်း ငါ့နှလုံးသား
လုံးပါးပါးရုံပဲ ရှိတာပေါ့
စစ်ကြေညာမှုမရှိတဲ့ မှတ်တမ်းတိုင်းမှာ
လျော်ကြေးပါ စမြဲပဲ
ငါရခဲ့တဲ့ လျော်ကြေး
အနာဂတ်များ တစစီ ရော်ရွဲစေပေါ့
“ငါ့ မျက်ရည်ဆိုတာ မင်းအတွက်
တဘ၀စာ လိုသလို ဖွဲ့ရယ်နိုင်တဲ့ ဟာတပုဒ်”
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service