မျောသွားခဲ့ပြီး ဒဏ္ဏရီ
အတိတ်တွေကို ပြန်ပြန်တူးတိုင်း
အမာရွတ်အောက်က ဒဏ်ရာပဲ ပြန်ပြန်ပေါ်နေတယ်
နာကြင်မှုတွေကို
ခြောက်သွေ့ပေးပါ..ငြိမ်းချမ်းပေးပါ…အလင်းရောင်တွေဆောင်ကြဉ်းပေးပါ
စိတ်ကူးတွေထဲမှာသာ နေ့တာရှည်သွားခဲ့တော့
အိပ်မက်အသေတွေသာ ဘေးမှာ ပြန့်ကျဲလျက်ပဲ
အမှတ်တမဲ့လို့သာ ပြောတယ်
နောက်ကျောမှာ ဓါးထိုးရာကတော့ အပြည့်ပဲ
လိမ်လည်သူနဲ့ ယုံကြည်သူကြားထဲမှာ
သစ္စာတရားကို စာချူပ် ချူပ်နိုင်သူက အရှုံးတဲ့
ကံကြုံလို့ ပြန်ဆုံရင်တောင်
ငါတို့ အကြည့်တွေ သေနေအုံးမှာပါ
ဘ၀တွေ အနာဂတ်တွေတောင်သေပြီးသွားပြီကို
သူ စိုက်ပျိုးခဲ့တဲ့ တေးသွားကတော့
ငါ့အသိဥာဏ်မှာ ချယ်ရီတွေ ဝေနေတုန်းပါလား
ရက်ရာဇာနဲ့ ပြဿဒါး မသတ်မှတ်သေးကြတဲ့အချိန်ထိ
ငါ့တို့ ပြက္ခဒိန်လေးအရောင်တွေလှပနေခဲ့တယ်
အဲ့ဒီလို ရက်စွဲတွေကို ရင်ကွဲပက်လက်နဲ့မှောင်စေခဲ့တာ
မီးဝုန်းဝုန်းတောက်စေခဲ့တဲ့ ဒီဇင်ဘာ
ပုံမှန်အတိုင်းပဲ ခုတ်မောင်းသွားပါ
မြောက်ဘက် အရပ်ကို မပြနိုင်တော့တဲ့
ငါ့မြေပုံက ကချော်ကချွတ်နိုင်ပြီးသားပါ
အရပ်မျက်နှာတင်မဟုတ်ဘူး မြေပုံတခုလုံးပါ သိမ်းယူသွားလိုက်ပါ
တခါတခါမမေ့တတ်သူတွေက အလွမ်းကိုအလင်းလိုလုပ်ပြီး
ခရီးသွားတတ်ခဲ့ပြီး
ငါမုန်းခဲ့တဲ့ မြူနှင်းတွေကို
ပြန်ပြန်ထကြည့် တိုင်း မခို့တရို့ ပြုံးပြနေတတ်ကြတယ်
ငါ့တို့ရဲ့ ဆုံတွေ့ခြင်းကို ကဗျည်းထိုးပေးတာလား
လှောင်ပြုံးလားဆိုတာတော့ မဝေခွဲတတ်ခဲ့ဘူး