နတ်ဆိုးတစ်ကောင်ရဲ့ မိုက် ရူး ရဲ
… မိုက်ရူးရဲ (၁) …
အချစ် အကြိုက်
ပစ်တိုက်ပြီး
ယုံကြည်လိုက်ဖို့ လိုအပ်တယ်ဆိုရင်..
ဘယ်လေတိုက်တိုက် မယိမ်းဘူး….
လိမ်ခဲ့ ညာခဲ့တယ်ဆိုရင်တောင်…
ကိုယ့် အကိုင်းအခက်တွေ ကိုယ် ချိုး
ငါ့အရိပ်နဲ့ နင့်ကို မိုး လို့..
နောက်တစ်ခါထပ်ပြီး… ရိုကျိုး ပြလိုက်မယ်…
… မိုက်ရူးရဲ (၂) …
အချစ်တဲ့
မျက်တောင်မခတ်ပဲ ဒီဲကြိုးစင်ကို ထပ်တက်ခဲ့တယ်…
လူတွေကတော့ မင်းအတွက်နဲ့ ရုတ်ရုတ်သဲသဲ
တစ်ချို့ က အသည်းတွေ(ကွဲ)…
တစ်ချို့က အသည်းတွေ(ခွဲ)
တစ်ချို့က ပုလဲတွေ (၀ဲ)
… မိုက်ရူးရဲ (၃) …
အကျော်အခွတွေနဲ့ အသက်ရှင်
အချစ်အတွက်နဲ့တောင် ဈေးကြီးပေးဝင်ရတဲ့… မြို့ပြ
ဘာအတွက်ကြောင့်မှ တစစ်စစ် နာမပြနဲ့
မတန်တဆပေးထားလိုက်ရတာတောင်
ခင်ဗျားက တစ်ချက်ပဲပြုံးတယ်
အမုန်းတဲ့…
စိမ်းစိမ်းလန်းလန်း ရှင်သန် နိုင်ပါစေ
… မိုက်ရူးရဲ (၄) …
စောက်ဖြစ်ရှိအောင် မမုန်းတတ်ပဲ လာပြုံးပြနေသတဲ့
အဟက်….!
လေးစားပါတယ် …
ပုံမှန်ဖောက်ပြန်ခြင်းကို သုံးဆောင်နေတဲ့ ခင်ဗျားအတွက်
တာရာမင်းဝေရဲ့
ဒြပ်မဲ့လူလို..
အရွေ့သုညမှာ ငါ..ကြွေကျပေးခဲ့ပါ့မယ်…
… မိုက်ရူးရဲ (၅) …
မတန်မရာ ပြောရမယ်ဆိုရင်… ငါက နေ ဆိုပါတော့
ဘာတွေကို ခြံရံပြီး တောက်ပပြနေသလဲ.. လမင်း
အလင်းနှစ်များကိုရှုသွင်း
ကြယ်တစ်စင်းရဲ့ လမ်းဘေးမှာ
နေ နဲ့ လ ရဲ့
ဆုံမှတ်ဆိုတာကို
မျှော်လင့်မိနေရင်း
လေကဓံရဲ့ နက္ခတ်အမှားတွေကြား
ဘ၀ ဆိုတာကြီးကို ခဏ ကြတ် ပြလိုက်တယ်
… မိုက်ရူးရဲ (၆) …
လျှောက်လမ်းနဲ့ မလွတ်လို့ ငါ့ရင်အကိုင်းတွေ ခုတ်ဖြတ် ပစ်ခဲ့သလား..?
အနင်းခံထားရတာ ငါ့နှလုံးသား
ဘယ်ရနံ့ အဟောင်းတွေမှ သတိမရချင်
တေးသွား အတက်အဆင်းမှာ စစ်ခင်း
နောက်ထပ်စေခိုင်းချင်နေလည်း
ကောင်းကင်တစ်ခုက သေဆုံး
ဒီအပင်နဲ့ မြေပြင်အတွက် မျက်ရည်တစ်စက်လို ဘုံးဘုံးလဲ ခဲ့တယ်
… မိုက်ရူးရဲ (၇) …
ခင်ဗျားက အပြောင်းအလဲမှာ မမှားခဲ့ပါဘူး
ငါကိုက တစ်ကြောင်းထဲရေးတဲ့ ၀ါကျမှာ … မှားခဲ့တဲ့ အက္ခရာ
မှားခဲ့တဲ့ အက္ခရာဆိုပေမယ့် စုန်းကိုက်ခံရတော့ ဒဏ်ရာမရှိဘူး
မာယာ… ခင်ဗျားရှာခဲ့တဲ့ ဒဏ်ရာက ရင်ထဲမှာ
တစ်သက်စာပါပဲ.. တစ်ချက်ချက် နာတတ်တာကို
ဂုဏ်ယူနေတတ်တာကိုက … မိုက်……….ရူး………..ရဲ..
Comment #1
… မိုက်ရူးရဲ (၄) …
စောက်ဖြစ်ရှိအောင် မမုန်းတတ်ပဲ လာပြုံးပြနေသတဲ့
အဟက်….!
လေးစားပါတယ် …
ပုံမှန်ဖောက်ပြန်ခြင်းကို သုံးဆောင်နေတဲ့ ခင်ဗျားအတွက်
တာရာမင်းဝေရဲ့
ဒြပ်မဲ့လူလို..
အရွေ့သုညမှာ ငါ..ကြွေကျပေးခဲ့ပါ့မယ်… ဖတ်ရှုအားပေးသွားပါတယ်