ကျွန်တော်နဲ့  တောခြောက်ခံခဲ့ရသောကဗျာများ (မိုးထက်အောင်)
ကျွန်တော်နဲ့  တောခြောက်ခံခဲ့ရသောကဗျာများ
တစ်ခါလာရင်ဘတ် တစ်ခါလာရင်ဘတ်နဲ့ 
အပ်ကြောင်းထပ် ပြဇာတ်တစ်ပုဒ်လိုပဲ
(သိပ်…..စိတ်မရှည်ချင်တော့ဘူး)
ဘောင်ခတ်မထားတဲ့ အိပ်မက်တွေ
ကောင်းကင်အနှံ့  ကြဲဖြန့် ပစ်လိုက်ပြီ
မက်မောသူ ကောက်ယူနိုင်ပါစေ
အသစ်အဆန်းတွေနဲ့  အလင်္ကာတွေဆန်းသစ်ဖို့ 
လမ်းဖြစ်တဲ့အထိဖောက်ကြည့်မယ်
ကန့် လန့် ကောင်…….မှောင်နေတယ်လို့ ပဲပြောကြပါတော့
ဒဿမနောက်က သုည…………
နောက်ထပ်ဘယ်သုညကိုမှ မတောင့်တတော့ဘူး
တိမ်စိုင်တွေပြောင်းလဲမှုအောက်မှာ
ကဗျာတွေ တောခြောက်ခံခဲ့ရတာ မှတ်မိသေးတယ်
တစ်ခါလာရင်ဘတ် တစ်ခါလာရင်ဘတ်နဲ့ 
ဘောင်ခတ်မထားတဲ့ အိပ်မက်တွေ
အသစ်အဆန်းတွေနဲ့  အလင်္ကာတွေဆန်းသစ်ဖို့ 
ကျွန်တော့်ကဗျာတွေ တောခြောက်ခံခဲ့ရတာတော့ မှတ်မိသေးတယ်…..။ ။
မိုးထက်အောင်
Comment #2
ဒဿမနောက်က သုည…………
နောက်ထပ်ဘယ်သုညကိုမှ မတောင့်တတော့ဘူး
………………………………………………………………
ကောင်းမြဲ…ကောင်းဆဲပါပဲ……အားပေးနေပါသည်။
ကိုမိုးထက်အောင် ပျောက်ချက်သားလည်းတော်တော်ကောင်းလှပါသည်။
Comment #1
ကဗျာလေးလာဖတ်သွားပါတယ်
လက်ရာတွေကတော့ ကောင်းမြဲကောင်းဆဲ ….