X
မျှော်လင့်ခဲ့ဖူးပါတယ်
ကျိန်စာတွေရဲ့ ဝေးရာအရပ်ဆီမှာ
ကိုယ်လေ မွေးဖွားခဲ့ရင်ကောင်းမှာပဲလို့
ချစ်သူအနမ်းမှာ တံဆိပ်တွေ ထပ်ခါ ထပ်ခါခတ်
ကိုယ့်ပျော်ရွှင်မှုတွေကိုတောင် နံပါတ်လိုက်တပ်နေရတဲ့အဖြစ်
ဝေဝါးမှုရဲ့နောက်က မှိန်ဖျော့မှုတွေ
အိပ်မက်ဆိုးထဲက နောက်ထပ်အိပ်မက်ဆိုးတွေ
သေချာနေပါပြီ
သူမဟာ ကျိန်စာတွေ သင့်နေခဲ့သူပဲ
ဆုတောင်းမှုတွေ ပြုပေးလိုက်ကြပါ
သူမ ငြိမ်းချမ်းပါစေလေ
ကြက်ခြေခတ်X
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service