“ကြေကွဲရခြင်း….တစ်ဘ၀စာ”
“ကြေကွဲရခြင်း….တစ်ဘ၀စာ”
နင့်ရည်ရွယ်ချက် ငါ့ရင်ကွဲစေဖို့ဆိုတာ သိလျှက်နဲ့
မျက်ခုံးထူထူနက်နက်လေးအပေါ် စွဲလန်းစိတ်တို့ မပြေနိုင်သေးတာ ခက်တယ်…။
နိဂုံးကို ခိုင်မာစေခဲ့ပြီးကာမှ
နင်တကယ် နေနိုင်ရက်တယ်လို့ တွေး….တွေးပြီး
နာကျင်စရာတွေ ငါက တစ်ကိုယ်တည်း ဆက်ဆွေးနွေးလို့
ဆုံးရှုံးမှုကို ရှောင်လွဲကြည့်တိုင်းလည်း
အလွမ်းတွေက ခပ်စိမ့်စိမ့်လေး
နင်ပြန်လာမှာပါလို့ နှစ်သိမ့်နေကြတယ်….။
အဆွေးဒဿနတွေကို မာနနဲ့ လှဲကျင်းမိတိုင်း
နင့်ခြေသံဖွဖွလေးကအစ အလွတ်ရနေတတ်တဲ့
ငါ့ရဲ့ အမှန်တရားတွေကို မုန်းလိုက်တာ…
နင့်နာမည်ကြားရုံနဲ့
အတိတ်တံခါးခေါက်ဖို့ ပြင်ဆင်နေတတ်တဲ့
ငါ့ဗီဇကိုလည်း ငါ သိပ်မုန်းတာပဲ….။
နင်နဲ့ဝေးလည်း ဘ၀က ငါ့ဘေးမှာပဲ….
ဒီလိုမာန်နဲ့ ခိုး ခိုး ရှိုတ်တတ်ခဲ့တာ….
ဝေဒနာဖြစ်ရုံထက်မကလည်း ဒဏ်ရာတွေကို ပိုသာစေခဲ့မိရဲ့….။
ငါတကယ်ချစ်တတ်ခဲ့တာပါ
မာယာကဝေတွေ နှိပ်စက်သမျှ ခံယူရင်း
အာရုံတွေကန်း….နင့် အနမ်းကိုသာ မှန်းခဲ့ဖူးတာပေါ့….
နင့်ကြောင့်သာဆို….ညံ့ဖျင်းမှုတွေထဲလည်း မွေ့ပျော်ချင်ခဲ့ဖူးတယ်….။
သတိရလိုက်တာ
ငါသိထားသမျှဟာ အမှားတွေချည်းပဲတဲ့လား
ဘာပဲဖြစ်ဖြစ်….
ဒါတွေကိုပဲ လက်ခံလိုစိတ်နဲ့
မိုက်မဲမှုတွေ မျိုးစေ့ချလို့…..
နှင်းငွေ့ဝေတဲ့ လမ်းမထက်မှာ
နင့် အနာဂတ်လေးနဲ့ ငြိတွယ်ခွင့်လေးကိုပဲ….
ငါ စောင့်ဆိုင်းမြဲ စောင့်ဆိုင်းနေတတ်တယ်ဆိုတာ……
နင်……..
တစ်နေ့နေ့တွေထဲ…ပြန်လည် တွေးကြည့်ပေးပါတော့လားဟာ….။
အလွမ်းကေသရီ