ပုထုဇဉ်ပေမို့
အမှောင်ထဲ
အမြဲနေ နေရင်း
အမည်းမှ အရောင်ထင်
အတုယဉ်ပါးသူတွေကြား
အစစ်တစ်ခါလာကြွေးသွားတော့
အသံတွေညံထွက်လာ
ခင်ဗျားဟာ အတုကြီး….တဲ့
မြင်သားပဲ
စိမ်းစိုငြိမ်းချမ်းတဲ့တောတန်း
နေပူအောက်လမ်းကခွဲထွက်လှမ်းဖို့
စွမ်းအားတို့မဲ့နေဆဲ
ချေးထဲပျော်တဲ့လောက်ဘဝ………..
(ဘဲရှုပ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service