ရွှင်ပျော်မဆုံး တန်ဆောင်မုန်း
ပုဏ္ဏမီသော်တာဆန်း
ခဝဲပန်းဝါရွှင်ရွှင်။
ဝဠာထက်ခွင်ယံ
ဝဲပျံကာ နှင်းမှုန်မြူး
မြောက်လေဦးဆင်။
ကထိန်ပွဲ
ဆင်နွှဲကြ ပြည်တစ်ခွင်
တော်ဝင်တဲ့မသိုး။
သာကီမျိုးနွယ်တို့
စေတနာပေါကြွယ်ဝ
ဖြူလှတဲ့သဒ္ဓါ
လူ့ပြည်ရွာထိန်ထိန်ညီးအောင်
ဆီမီးရောင်အမှောင်ပယ်ရင်း
လက်ကမ်းသယ်စဉ်လာပွဲကို
နွှဲပျော်လို့မရိုး။
(ဘဲရှုပ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service