အလှစစ်
ရွှန်းရွှန်းမြမြ
သော်တာလသည်
သူရဒေါင်းဖန်
အလင်းပြန်မှ
ပုံဟန်လှပ
သာခွင့်ရ၏။
ဆီမီးထင်းမီး
ထိုသည့်မီးလည်း
ထိန်ညီးလောင်တောက်
မိုးကိုရောက်ငြား
လောင်စာအားအင်
ကုန်သွားလျှင်မူ
မြေပြင်ပေါ်မှ
ပျောက်ကွယ်ရ၏။
ရောင်ခြည်ဖုံဖုံ
လွှမ်းမခြုံလည်း
ကိုယ့်ဂုဏ်ကိုယ့်ဆင်း
ကိုယ့်အလင်းနှင့်
မှောင်ခွင်းပျံသန်း
မှန်သည့်လမ်း၌
လန်းဆန်းနှလုံး
ပိတိဖုံးမည့်
ပိုးစုန်းကြူးပဲဖြစ်ချင်လို့။ ။
(ဘဲရှုပ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service