အေသင်ရဲ့ နိဂုံး …..
ပြင်းပြတဲ့ ခံစားချက်တစ်ချို့နဲ့…
နာကျင်စွာ ငါ အော်ငြီး..
ဝေဒနာ ရဲ့ ဒဏ်…
ဒီ ရင်ဘက်နဲ့ ခါးစီးပြီး ငါခံစားနေရတယ်….။ ။
မြင်နိုင်သေးတဲ့ မျက်လုံးတစ်စုံ…
အဖြူရောင် ဆေးရုံ နံရံ ကို….။ ။
အသိမဲ့စွာ စိုက်ကြည့်နေမိတယ်….
ပိန်ခြောက်နေတဲ့ ငါ့ လက်တွေ….
ညျိုမဲနေတဲ့ ငါ့ လက်သည်းတွေနဲ့ …
ခိုကိုးရာမဲ့ ကုတ်ခြစ်နေမိတယ်…။ ။
အလင်းရောင် တစ်ချက်ပျောက်သွားခဲ့…
ငါ့မျက်စိထဲမှာ နေ၀င်သွားခဲ့တယ်…
ခဏနေတော့ ပြန်တွေ့ရ…
အိပ်ပျော်နေတဲ့ ငါ့ကိုယ် ငါ….
နားမလည်နိုင်စွာ ငေးကြည့်နေမိတယ်…..။ ။
မွန်းကြပ်နေတဲ့ ငါ့ရင်ဘက်ထဲက…
ပြည့်သိပ်နေတဲ့ လေတစ်ချို့…
အာခေါင်ကို ညှစ်ပြီး ခပ်ကျယ်ကျယ်လေး ငါ အော်လိုက်မိတယ်…။ ။
ဝိညာဉ် တစ်ကောင်ရဲ့ ခံစားချက်…
ဘယ်သူ့ကို ရင်ဖွင့်ရမလဲ…
ငါပြောတဲ့ ငါ့စကား…
ဘယ်သူ့ရဲ့ နားနဲ့နားထောင်ပေးမှာလဲ…။ ။
အကူအညီမဲ့ နေတဲ့ ငါ့လက်နှစ်ဖက်…
ဘယ်သူကများ ခပ်တင်းတင်း ဆုပ်ကိုင်ထားမှာလဲ…
ပေါ့ပါးနေတဲ့ ငါ့ ခန္ဒာ…
ဘယ်သူကများ ပွေ့ဖက်ပေးမှာလဲ…။ ။
နားမလည်နိုင်တဲ့ တစ်ချို့ သော ပုစ္စာတွေကို…
သေချာအဖြေရှာဖို့…
ခရီး တစ်ခုကို ငါ အရင်ထွက်သွားမယ်…
ခင်ဗျားတို့လဲ နောက်ကနေ လိုက်ခဲ့ပေါ့…
တစ်ချိန်ကျရင် ကျွန်တော်တို့ ပြန်ဆုံကြမှာပါ…
တစ်ကွေ့သော သံသရာမှာပေါ့…။ ။
မျက်ရည်တွေ မသုတ်ကြ ကြေး ….. ။ ။