လူရွှင်တော်တစ်ယောက်ရဲ့ ရင်ဘတ်
လူရွှင်တော်တစ်ယောက်ရဲ့ ရင်ဘတ် | ||||||
တချို့သောသူတွေပျော်ရွှင်ဖို့ | ||||||
တစ်စုသောသူတွေ မျက်ရည်ကျပြရတယ် | ||||||
ပျော်ရွင်ဖို့သက်သက် နဲ့ကျီဆယ် | ||||||
ပြငှာန်းထားတဲ့ မာယာတချိုကို အကူအကွယ် | ||||||
ဟာသဆန်ဆန် လှည့်စားကျတယ် | ||||||
စင်ပေါ်ကလူတစ်ယောက်ရဲ့ဟာသ | ||||||
ပရိသတ်က၀ါးလုံးကွဲအောင် “ဟား “ကျတယ် | ||||||
တင်ဆက်နေတဲ့ ရင်အပူမီးရယ် | ||||||
ငိုရမယ့် ရင်တစ်စုံကို ” ဖုံးကွယ် “ | ||||||
အများသဘောကျ ” အသုံးတော် ” ခံပြရတယ် | ||||||
လူသားချင်းတူရင်တောင် ကွဲလွဲနေတတ်တဲ့ ” ကံ ” ရယ် | ||||||
ငွေကြေးဆိုတာ ပျော်ရွှင်မှုကို ၀ယ်သတဲ့ | ||||||
အနိမ့်အမြင့် ဆိုတဲ့ သံသရာ ဂယက်ထဲ | ||||||
လည်ပတ်နေ ရင်း ပြန်ပြန် နိမ့်ဆင်းနေတာ | ||||||
ရှေးဘ၀က အကြောင်းကံ ထင်ပါရဲ့ | ||||||
ရွှင်ပျော်နေတယ် ထင်ရတဲ့ မျက်နှာဖုံးကိုတပ် | ||||||
ခံစားချက်တွေကို လဲ ထိန်းချုပ်တတ်ခဲ့တယ် | ||||||
လဲကျရင် တွဲထူ မယ့်လက်တစ်ဖက်ထက် | ||||||
ရေနစ်ကူ ၀ါးကူထိုးတဲ့သူတွေများတဲ့အခါ | ||||||
နာကျင်တာကိုစိတ်ထဲမှတ် နေ့ရက်တွေဖြတ်သန်းတတ်ခဲ့ပေါ့ | ||||||
စင်ပေါ်ရောက်တဲ့တစ်နေ့တော့်ရှိပါရဲ့ | ||||||
ပျော်ရွှင်စေဖို့ တင်ဆက်ရ တဲ့ ” အကူတော် “ | ||||||
အများကလေ သတ်မှတ်တဲ့ကျနော် | ||||||
တကယ့်ကို လူရွှင်တော်ပါဗျာ | ||||||
တကယ့်ကိုလေ……….. | ||||||
လူရွှင်တော်လေးကျနော်ပါဗျာ……… | ||||||
ရွက်သစ် | ||||||
07/11/2013 |
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service