အပေး…အယူ..။
အပေး…အယူ..။
မနက်ဆိုရင် တစ်ရက် ရောက်လာပြန်ပြီ….
အဖွင့်သာ ပါပြီး အပိတ်မပါတဲ့ အသက်နဲ့
အာရုဏ်ဆိုတာ “ဘ၀နဲ့ ဘာပါတ်သတ်လဲ မေးမိတယ်…” ..။
နေ့လည်ဆိုရင် တစ်ရက်ကျော်လာပြန်ပြီ…
အ၀င်နဲ့ အထွက် ညီမျှအောင် အစာသွင်းနေရတဲ့ ပါးစပ်နဲ့
မွန်းတည့်ဆိုတာ ” အချိန်နဲ့ ဘာပါတ်သတ်လဲ မေးမိတယ်…” ..။
ညနေဆိုရင် တစ်ရက် နှောင်းလာပြန်ပြီ…
နွမ်းနယ်တဲ့ ရွှင်းလန်းဆဲ ခန္ဒာနဲ့
နေ၀င်ချိန်ဆိုတာ ” ပိုင်ဆိုင်မှုနဲ့ ဘာပါတ်သတ်လဲ မေးမိတယ်…” ..။
ညနက်နက်ဆိုရင် တစ်ရက်ကုန်လာပြန်ပြီ…
တွေးတောငေးမော သောက မျှော်လင့်ဇောတွေနဲ့
သန်းခေါင်ယံဆိုတာ ” မနက်ဖြန် နဲ့ ဘာပါတ်သတ်လဲ မေးမိတယ်…” ..။
မနက်၊ နေ့လည်၊ ညနေ၊ ညနက်နက်
အ၀င် အထွက်တွေ ရှုသွင်းခက်နေဆဲ…..
အသွားအပြန်တွေ ရေတွက် ခက်နေဆဲ…
ဒါပေမယ့်…….. သေချာတာကတော့
“မနက်ဖြန်ဆိုတာ ငါတို့ အတွက် ယူဖို့မဟုတ်….ပေးဖို့ သက်သက်ပဲ…” ….
ကကြီး။(၆.၁၂.၂၀၁၃)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
“မနက်ဖြန်ဆိုတာ ငါတို့ အတွက် ယူဖို့မဟုတ်….ပေးဖို့ သက်သက်ပဲ…” …