မင်းအတွက်
မင်းအတွက်
ငါ့ရဲ့ဒဏ်၇ာတွေကို ကုစားပေးခဲ့သူ
မင်းကို မြတ်နိုးစွာ ကျေးဇူးတင်တယ်…
ငါ မင်းကြောင့်ပျော်ရွှင်ခဲ့၇တယ်
ငါ ၇ယ်မောခဲ့၇တယ်
ငါ့ အထီးကျန်နေ့တွေကုန်ဆုံးခဲ့၇တယ်…
ငါ့ရဲ့အမှောင်ညတွေ လင်းစေသူ
ခုချိန်မှာ ငါမင်းကိုစွဲလမ်းနေမိပြီ……..
မင်းအတွက်ငါက အေ၇းပါတဲ့သူ
တစ်ယောက်တော့ မဟုတ်ပါဘူး
ဒါပေမဲ့ မင်းဘေးမှာအမြဲနေချင်ခဲ့သူပါ….
မင်းလိုအပ်ရင် မင်းသတိ၇သေးရင်
မင်းအထီးကျန်နေတဲ့ အချိန်တွေမှာ
မင်းတစ်ယောက်တည်း အချိန်တွေမှာ
ငါ့ကိုသတိရလိုက်ပါ …..
ငါဟာ မင်းအတွက်ဘာမဆို
ဖြည့်ဆည်းပေးမဲ့ လူသား……..
သွေး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
har lan dal khar…..