ဆောင်းတစ္ဆေကြောက်သူ
ဆောင်းရာသီရောက်တိုင်းနိုးထ
တရှိုက်မက်မက်ပါပဲ
သွေးမတိတ်တဲ့ဒဏ်ရာမှ ဆက်လက်ဖက်တွယ်မိသူ
လေလွင့်ခြင်းတွေသယ်ဆောင်သွားလို့
နှင်းခဲပျော်ချိန်ခဏ
ငါဝိညာဉ်ကိုလှုပ်နိုးပေးပါ။
ဆောင်းရာသီရောက်တိုင်းသတိတရ
အချိန်တန်ရောက်မဲ့ ဆောင်းကိုကြောက်တယ်
ခုလဲကြောက်တယ် ၊ နောက်လဲ ….
သတိရခြင်းတွေ ထပ်သတိမပေးကြပါနဲ့
ဆောင်းရာသီရောက်တိုင်း ပုန်းခိုနေတတ်သူတစ်ယောက်ကို ။ ။
ဆိုက်ပရပ်စ်လင်း ၂၀၁၃
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service