သခင့်အတွက် အေးရိပ်
သခင်…
အရိပ်လေးမှာ
ငြိမ်းအေးစွာနှင့်
နားပါလှည့်လား
ခရီးသွားဖော်ပျော်သလောက်လေ…
သခင်…
ဒီအရိပ်က
ဂုဏ်ရွှေငွေ ဆိတ်သုန်း
အပြုံးဝေဆာ
အကြင်နာနှင့်
မေတ္တာတွေသာ ပေါများတယ်…
သခင်…
စိတ်ကစားလို့
အရိပ်မှားပြီး
မနားချင်လည်း သဘောပဲလေ
ရှိစေတော့ကံ ဝေးဖို့ဖန်မှ
ကျွန်မ ဖြေသိမ့်နေပါ့မယ်…
သခင်…
နားလိုက နား
သွားလိုက သွား
ပြန်လိုက ပြန်
သံယောဇဉ်ပြတ်ချင်ပြတ်
ကျွန်မကတော့…
လွမ်းတတ်တယ်ရှင်…
Comment #3
mike de kwar

Comment #4
so nice

Comment #5
:'(

Comment #6
သခင်…
နားလိုက နား
သွားလိုက သွား
ပြန်လိုက ပြန်
သံယောဇဉ်ပြတ်ချင်ပြတ်
ကျွန်မကတော့…
လွမ်းတတ်တယ်ရှင်…

Comment #7
<3

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
“ဆက်လို့မသွား
တစ်သက်စာအပြီးနားမယ်ဆိုရင်
လွမ်းတတ်သူခင်က
လက်ခံချင်ပါ့မလား”
သူများအတွက်ခံစားပြီးမေးကြည့်တာနော်။