အချစ်က ရင်ဘတ်ကို စိုက်တယ်
“လက်” ခနဲ ဝင်လာတဲ့
မျက်စောင်း တစ်ချက် နဲ့အတူ
နားမလည် ပါးမလည် နဲ့ မှားဝင်လာတဲ့
ငကြောင်တစ်ကောင်ကို မောင်းဖြုတ်ချလိုက်တယ်
မဆန်းဘူး…
အလွမ်းတွေ စိုက်ဝင်သွားတဲ့ ရင်က
ငါ ….. ဖြစ်နေတာကိုက … ဆန်းတာ
လူတွေမေ့ထားတာကိုမှ တခုတ်တရ ဂုဏ်ယူတတ်တဲ့
ငါက …
ခုဆို ဦးဏှောက်ထဲ က
မင်းနာမည်တွေ ထိုင်ဖတ်နေတတ်ပြီ…. ကောင်မလေး
—- SaTaN —–
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service