အချစ်
တိုက်ဆိုင်မှုတိုင်းက
အမှတ်တမဲ့ ဆိုပေမယ့်…
အမှတ်တမဲ့တိုင်းကို
အမှတ်တရ ဖြစ်နေဆဲပါ…
အမှတ်တရတိုင်းကို
ပြန်လွမ်းမိဆဲ ဆိုပေမယ့်…
ပြန်လွမ်းမိတိုင်းလည်း
မျှော်လင့်လို့မှ မဟုတ်တာ…
မျှော်လင့်ချက်တိုင်းက
ရယူဖို့ မဟုတ်ပေမယ့်…
ရယူခြင်းတိုင်းကိုတော့
အချစ်လို့ ခေါင်းစဉ်တပ်ပြီး
အနိုင်ယူနေကြတာပါပဲ…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
(y)