လောင်ကျွမ်းသော
လောင်ကျွမ်းသော
ငါပျော်နေတယ်လို့ မင်းထင်နေလား
ငါလည်းသွေးနဲ့ သားနဲ့ပါ……
မင်းလုပ်ချင်ရာ လုပ်သွားခဲ့တာကို
ငါဒီတိုင်းလက်ပိုက်ကြည့်နေခဲ့တာ
ငါအရူးတစ်ယောက်တော့ မဟုတ်ဘူး….
မင်း စိတ်ချမ်းသာနေတာလေးကို
ငါမြင်နေရလို့ မင်းကိုသိပ်ချစ်လို့
ငါ လက်လျှော့လိုက်တာပါ….
မင်းပျော်မယ်ဆို စိတ်ချမ်းသာတယ်ဆို
ငါ့ကိုထားခဲ့လိုက်ပါ ထွက်သွားလိုက်ပါ
အမှောင်ထဲမှာ နေခဲ့ပါ့မယ်……
အထီးကျန်ရင်း ၀မ်းနည်းခြင်း
လွမ်းဆွတ်ခြင်းဆိုတဲ့ ပူလောင်မှုတွေနဲ့
မင်းကို တမ်းတရင်းနဲ့ ငါ့ဘ၀ကို
လောင်ကျွမ်းလိုက်ပါ့မယ်
ဒါဆို မင်းကျေနပ်တယ်မလား…..
ငါ့မျှော်လင့်ချက် ငါ့ဘ၀တစ်ခုလုံး
မင်းယူသွားလိုက်ပါ မိန်းကလေး
ငါခွင့်လွှတ်နိုင် ပါတယ်ကွာ…..
သွေး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service