” လွတ်လပ်ရေး”
ဗိုလ်ချုပ်တို့ကို အသိအမှတ်ပြု
ကျေးဇူး အထူးထူးကို
ငါတို့နားလည်
သူတို့တစ်စု
မျိုးဆက်ထိန်းသိမ်း
ပြည်တော် ငြိမ်းအောင်
ရွက်ဆောင် ပေးခဲ့လေပြီ။
သူတို့နောက်မှာ
ဖောက်ပြန် ပြောင်းလွဲ
အလွဲလွဲ နှင့်
တိုင်းနိုင်ငံ ပြည်ထောင်
စစ်ပွဲများ ရှောင်မရ
အဖြေရလတ်က
တိုင်းသူပြည်သား
ငမွဲများနှင့်
ခရိုနီ ကြီးငယ်
အသွယ်သာမက
ပြည်ပခိုးဝင်
လာဘ်ပေး၍ပေါင်း
နိုင်ငံရောင်းရန် ကြံသည်က
တစ်ကြောင်း။
ထပ်မံ၍ ကြပ်ပြန်
မျက်မာန်တွေ ထပါဘိ
မရှိမသိ
တိုင်းနိုင်ကို လုပ်ကြံ၍
အဟုတ်အမှန် ပြည်သိမ်းရန်ပ
ဗိုလ်ချုပ်သမီးလည်း မဟ
ဗိုလ်ချုပ် တွေလည်း ထမလာ
စိုးရိမ်ပူပန်နေရသည်က
ငါတို့။
သင့်အဖိုး သင့်အဖေ
အမွေပေးခဲ့သည်က
သည်တိုင်းပြည် သည်လူမျိုး
ကြမ္မာဆိုး မတိုးရအောင်။
ငါတို့တော့ စိတ်ပူသည်
ဘယ်သူတွေ ဘယ်လိုရှိစေ
ဘယ်အပင်း ဘယ်လိုစို့စေ
တိုတွေမှာလည်း
သင်တို့နှင်နှင်
တာဝန်အပြည့် ရှိပါသည်
မိစ္ဆာ လူသတ်သမား
မုဒိန်းကောင်များ
ကြီးဆိုး မခံနိုင်
တို့အပြိုင် ထိန်းသိမ်းရမည်ပ
တို့လွတ်လပ်ရေး။
နောင်တော်လေး
လွတ်လပ်ရေးနေ့