ဒီနေ့…..သတိရခြင်းတွေ….. တဖွဲဖွဲရွာနေတယ်
ဒီနေ့သတိရခြင်းတွေ တဖွဲဖွဲရွာနေတယ်…
အလွမ်းမုတ်သုန်တွေလည်း…. မငြင်မသာ တိုက်ခတ်လေရဲ့….
ကြည့်…. သူ..ဒီနေ့လည်းရောက်မှာမဟုတ်ဘူး…..
လရောင်ကို မျှော်တယ့် ကုမုဒြာကြာ လို မလာနိုင်မှန်း သိရက်နဲ့ သူ့ကို ငါ မျှော်နေပါတယ်…
အောက်မေ့တယ် ဆိုတယ့် ခံစားချက်ကို ဘယ်သူ ကိုယ်ချင်းစာ နိုင်မှာလည်း…
တမ်းတရတယ့်နေ့ရက်တွေ မြန်မြန် ကုန်ဆုံးပါစေကွယ်….
အေးအေးလေးတွေးရင်း
ငေးငေးလေးဆွေးရင်း
တရေးရေးမြင်ယောင်လာတာ
တို့နှစ်ယောက်
တဖြည်းဖြည်းဝေးခဲ့ရတယ်နော်………
သစ္စာတရားသာ သူပေးခဲ့တယ့် နောက်ဆုံး အိပ်မက်ဆိုရင်…
ရင်မှာမြတ်နိုး ထာဝရပျိုးထားမယ်…
(ချစ်သူ…မြန်မြန်ပြန်လာပါနော်…..)
ဒီနေ့သတိရခြင်းတွေ တဖွဲဖွဲရွာနေတယ်
Comment #2
So sweet

Comment #4
ဒီနေ့ သတိရခြင်းတွေ တဖွဲဖွဲရွာနေတယ် :'(

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာတစ်ခုလုံးဟာ……
ငြိမ့်ငြိမ့်လေးစီးနေတဲ့အလွမ်းမြစ်တစ်စင်း