Professional Authors

“နှလုံးသား သဂြိုလ်ပွဲ”

ပြုံးလျှင်တမဲ့

ငိုလျှင်တဆုံး

အမှတ်တရတွေ ရေစီးကမ်းပြိုလာကြ

လွမ်းသူ့ပန်းခွေ ချသူချနဲ့

နောက်ဆုံးစကား ပြောသူပြော

ပထမဆုံးကဗျာ ရေးသူရေး . . .


တိတ်ဆိတ်မှုဟာ တဒင်္ဂ

အလွမ်းသည်သာ ထာဝရ

ရုတ်တရက် တွေးမိတာက

အသက်မဲ့ခြင်းသည်ပင် နိဗ္ဗာန်လား

သူမဆီက ထွက်ခွာခဲ့ခြင်းသည် နိဗ္ဗာန်လား . . .


ဆက်ထုံးတွေ

အမုန်းတွေ

ဝေးကွာခြင်းကို

နီးစပ်ခွင့်ရဲ့ တစိတ်တစ်ဒေသလို့

မျက်စိကို စုံမှိတ်ပစ်လိုက်တာဟာ

နှလုံးသားသဂြိုလ်ပွဲကို အကျဉ်းချုံးလိုက်တာပါပဲ . . . . .

In: ကဗျာ Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment