“ရီကွန်စလေးရှင်း”
ငါ့လည်မျိုက
သွေးစိမ်းရှင်ရှင်ပန်းထွက်ပြီး
ငါ့ရင်ဘက်က
ဟောက်ပတ်ပွင့်ထွက်သွား
ငါ့အဘိဓမ္မာက
နောက်ပြန်ကွဲထွက်လာလို့
ငါ့မျက်နှာတစ်ခြမ်း
စုတ်ပြတ်သွားတော့
ငါရုပ်တစ်ချက်မပျက်ခဲ့
ခံစားမှုဆိုတာ
သည်းချေကြိုက်ခေါင်းစဉ်တစ်ခု
မဟုတ်ကြောင်း
ငါသင်ကြားခဲ့ပြီး။
“အကုန်ယူသွား ကိုယ့်လူ
အရှုံး တော့မပေးနိုင်ဘူး”
ကျောခိုင်းမသွားသရွေ့
ဘယ်တော့မှအဝေးကြီးမဟုတ်ဘူး။
ဖိကြိတ်ရေးမိလို့
ပြဲစုတ်ကုန်တဲ့ငါ့စာမျက်နှာတွေ
ငါဖြဲစုတ်လိုက်ပြီးပြီ
“အသစ် နွမ်းနွမ်း” ဟာ
အတွေ့အကြုံနဲ့
တစ်မျိုးဆန်းသစ်နေတာပဲ။
ရင့်ပါးသူကြီးပြောတဲ့
ဒဿနိကဗေဒကြောင့်
အားပြည့်လန်းဆန်းခဲ့ဖူးပြီ
ငါတစ်ယောက်တည်းမပြီးလို့
ငါတစ်ယောက်တည်းငြီးခဲ့ဖူးပြီ
တောက်မခေါက်ဘူး
တတ်မထောင်ဘူး
မာနကလက်သီးဆုပ်ကိုဆူးလို့
တစ်စက်စက်ကျလာတော့
“ထရော်မာ” ချင်း
ချင်းချင်းနီလို့။
အဲ့ဒီလို
လပြည့်မဟုတ်လဲ
ငါအူပစ်လိုက်တယ်။ ။
ဒီဗိုင်း
၂၆ ဇန်န၀ါရီ ၂၀၁၄
ည ၁၁:၁၁