လွမ်းစေတီမှာ ဆုပန်ခြွေ
လွမ်းကြောင်းလဲ ဖွင့်ဟပြောဖို့ခက်
ချစ်ကြောင်းပြောဖို့ဝေးလို့
နှစ်ယောက်ဆုံအောင်
မနည်းကြိုးစားနေရတယ်။
အတိတ်က ကျိန်စာကြောင့်
နီးရက်နဲ့ဝေးရတာ
တို့နှစ်ယောက်ရဲ့ ဘ၀ပေးကုသိုလ်ကံလား။
မဝေးချင်လို့
ဆုတောင်းမိခါမှ
ဘုရားဘွဲ့က လွမ်းစေတီတဲ့…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service