ခေတ်သစ် ဒဿ
အစကတည်းက မနိုင် နိုင်မှန်းသိရက်နဲ့
ဒီပြိုင်ပွဲကို တက်မိတဲ့ငါ မှားခဲ့တာ….
ဘာ့ကြောင့်လဲ…!!!
ယှဉ်ပြိုင်တာချင်း အတူတူ
ငါ့ကိုမှရွေးပြီး ရှုံးနိမ့်စေခဲ့တာ နင်…
အနိုင် အရှုံး အဆုံးအဖြတ်က
နင့်အပေါ်မှာပဲမူတည်တာလေ…
ဘာဖြစ်ဖြစ် ငါ့ရဲ့ ရိုးသားစွာယှဉ်ပြိုင်မှုကိုတော့
နင် အသိအမှတ်ပြုသင့်တာပေါ့…..
ကျိန်စာကို အလွယ်ရွတ်တတ်တဲ့ နင့်နှုတ်ခမ်းတွေ
ငါ ကြောက်တယ်
ဒါပေမယ့်…….
နင် ကြည့်နေလိုက် မယ်သီတာ
ရာဇ၀င်ထဲက ဒဿ
အခု ရာဇ၀င်အပြင်မှာ
မီးငြိမ်း မငြိမ်း…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းမိုက် !!!