ပါးရိုက်ခြင်းအနုပညာ
ပါးရိုက်ခြင်းအနုပညာ
ကောင် မ ပါးကျိုးသွားမယ်
ဘာမှတ်နေလဲ
မိလုံးတဲ့ တစ်လုံးပဲရှိတယ်
နှစ်လုံးရှိရင် ချက်စားလိုက်မယ်။
သြော် ဈေးထဲက ငါးစိမ်းသည်မိလုံးရဲ့ဒုက္ခ။
ဒီမယ် အ ခြောက်ဆိုပြီးအထင် မ သေးနဲ့
ဒါမျိုးမ ကြောက်တဲ့မဟာမျိုးအ ခြောက်ဟေ့
အကုန်ပါးရိုက်လိုက်မယ်
လမ်းထိပ် အလှပြင် ဆိုင် က
မာမီညဏ် ရဲ့ဒုက္ခ။
ရှင်နော်
လူကိုဘယ် အစားထဲကများထင်နေလဲ
ပါးရှစ်စိတ်ကွဲသွားမယ် သိလား ဟွန့်
အိမ်ဘေးက အပျိုဖြစ်ကာစ
ကောင် မ လေးရဲ့ ဒုက္ခ။
ဘာမှတ်နေလဲ ငါ့နံမည်က ဘာကွညာကွ
နယ်လှည့်ပြီးပါးရိုက် ရဲတယ်ကွ။
ဟိုက်
ပါးရိုက်ခြင်းဆိုတာ ယောကျာင်္းများပါ
တတ်ကျွမ်းသင့်ပါကလား
ယ နေ့မှစ
ယောကျာင်္းများအတွက်
ပါးရိုက်ခြင်းအနုပညာအား
သင် ရိုးသစ် မာတိကာတွင်
ထည့်သွင်းသင်ကြားစေ။
pho san(4,2,2014)
်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service