ခင့်အတွက်စာစုများ (၁)
ယုံကြည်မှုဆိုတာ
နားလည်မှုနဲ့ တည်ဆောက်ယူရတယ်ခင်
လူသားတိုင်းဟာ အမှားမကင်းတတ်ကျပါဘူး။
နားလည်မှုဆိုတာ
အချစ်မှာ အဓိကကျတဲ့အရာပါခင်
ပွင့်လင်းရိုးသားဖို့ပဲလိုတယ်။
အချစ်ဆိုတာ
လူနှစ်ယောက်ကိုချည်တဲ့ ကြိုးပါခင်
နှလုံးသားနဲ့ ရင်းနှီးယူရတယ်။
သစ္စာဆိုတာ
အချစ်မှာစောင့်ထိန်းအပ်သော တရားပါခင်
စူးစေတတ်ပါတယ်။
အတိတ်ကို ပွင့်လင်းရိုးသားပြီး
ပစ္စုပန်မှာ အပြန်အလှန်နားလည်မှုရှိမယ်ဆိုရင်
အနာဂါတ်ကို ယုံကြည်နိုင်ပါတယ်ခင်။
ကိုယ်ပေးနိုင်တာက…အချစ်
ကိုယ်ထားနိုင်တာက…သစ္စာ
ကိုယ်မျှော်လင့်တာက…ခင်ရယ်ပါ။ ။
15.02.2014 (12:35AM)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ယုံကြည်မှုဆိုတာ
နားလည်မှုနဲ့ တည်ဆောက်ယူရတယ်ခင်
လူသားတိုင်းဟာ အမှားမကင်းတတ်ကျပါဘူး။
နားလည်မှုဆိုတာ
အချစ်မှာ အဓိကကျတဲ့အရာပါခင်
ပွင့်လင်းရိုးသားဖို့ပဲလိုတယ်။
အချစ်ဆိုတာ
လူနှစ်ယောက်ကိုချည်တဲ့ ကြိုးပါခင်
နှလုံးသားနဲ့ ရင်းနှီးယူရတယ်။
သစ္စာဆိုတာ
အချစ်မှာစောင့်ထိန်းအပ်သော တရားပါခင်
စူးစေတတ်ပါတယ်။
အတိတ်ကို ပွင့်လင်းရိုးသားပြီး
ပစ္စုပန်မှာ အပြန်အလှန်နားလည်မှုရှိမယ်ဆိုရင်
အနာဂါတ်ကို ယုံကြည်နိုင်ပါတယ်ခင်။
ကိုယ်ပေးနိုင်တာက…အချစ်
ကိုယ်ထားနိုင်တာက…သစ္စာ
ကိုယ်မျှော်လင့်တာက…ခင်ရယ်ပါ။ ။