ကြောင်သံကြားတယ်
ကြောင်သံကြားတယ်
ကြောင်အိမ်ထဲကလား
ကြောင်အိမ်အပြင်ကလား။
ကြောင်သံကြားတယ်
ငါးကြော်မကြိုက်တဲ့ကြောင်လား
ကြွက်မခုတ်တတ်တဲ့ကြောင်လား။
ကြောင်သံကြားတယ်
ကျားဆရာကြောင်လား
စားနေကျကြောင်ဖါး(ပါး)လား။
ကြောင်သံကြားတယ်
ကြောင်သူတော်ကြွက်သူခိုးလား
ကြောင်ခံတွင်းပျက်လား။
ကြောင်သံကြားတယ်
ကြောင်မြီးတိုကြီးလား
ကြောင်စုန်းကြီးလား။
ကြောင်သံကြားတယ်
ကြောင်အသံတွေကြားတယ်
ကြောင်တွေအသံကြားတယ်။
ကြောင်သံကြားတယ်
ကြောင်နေလို့ပဲအသံတွေကြားတာလား
အသံတွေကြောင်လို့ပဲကြားတာလား
အသံတွေကြားလို့ပဲကြောင်တာလား။
ကြောင်သံတွေကြားတယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ်