လယ်တောမှ အပြန်
“လယ်တောမှ အပြန်”
ပြာရင့်ရင့် မိုးသားအောက်
စိမ်းမြမြ မြေပြင်
ကျယ်မောပြန့်ပြော သူ့ဟန်သွင်
သုံးသပ်မယ် ဒီလူရင်ထဲ
အနားသတ် ကမ္ဗလာ ရှာမတွေ့ခဲ့…။
စိတ်သန္တာန်မှာ
အလွမ်းငွေ့ရည်ဖွဲ့လာတော့
လယ်တောဆီ ပြန်စဉ်းစားမိ
ငါ့အိပ်မက် ကမ္ဘာမှာရော
အနားသတ် ကမ္ဗလာ ရှိပါရဲ့လား…။
အတွေးဟာ လယ်တောမှာလည်းမရှိ
ငါကိုယ်တိုင်လည်း ရုတ်တရက်မသိ
အို…
ဗုဒ္ဓ ဘုရားသခင်!
တရားရှိအောင်ကြိုးစားရင်း
တပည့်တော် တရားပျောက်ပြန်ပြီထင်ပါရဲ့…။
လယ်တောမှအပြန်
တဒင်္ဂမှာ အတွေးများစွာ…။
[စကားချပ်။…။ ဒီကဗျာလေးကို ရေးတုန်းကတော့ အတွေးထဲမှာ မွန်းမွန်းကြပ်ကြပ်နဲ့ပါ…..။ ဘယ်အရာကို တိုင်တည်ပြီး ပြောဆိုရမှန်းလည်း မသိပါဖူး…။ ရှေ့က ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်ကြီးကိုမြင်ပေမယ့် ကိုယ်ကတော့ လွတ်လပ်တယ်လို့ မခံစားမိပါဖူး….။ ဖြစ်ချင်တာတွေတိုင်း ဖြစ်မလာသေးတဲ့အပေါ်မှာ ဘယ်ခါမှ စိတ်အားမရတာမျိုး စိတ်အားငယ်တာမျိုး မရှိအောင် ကြိုးစားနေထိုင်နိုင်ခဲ့လည်း လူက တစ်ခါတစ်ရံတော့ လွတ်ထွက်သွားချင်မိပါတယ်…။ ကိုယ့်ရဲ့ ပေတေမှုကြောင့် နေမကောင်းဖြစ်ပြီး တစ်လနီးပါး လာပြုစုပေးလိုက်ရတဲ့ အမေတစ်ယောက်ရဲ့ ရင်ငွေ့အကြားမှာ နေခွင့်ရတဲ့တခဏမှာ ရေးဖြစ်ခဲ့တာက အမှတ်တရပေါ့…။ မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ ၂နှစ်ပြည့်စာစောင်မှာ ပါဝင်ခဲ့တဲ့ ကျွန်တော့်ရဲ့ မိုင်တိုင်မှတ်မှု တစ်ခုလို့ ဆိုရမလား။ “လယ်တောမှ အပြန်” တဲ့….။ အခုအချိန်မှာတော့ ကျွန်တော်တစ်ယောက် မေလရဲ့ အမောတွေကနေ ပြန်ပြီး ရုန်းထွက်နိုင်ပါစေလားလို့.. ဆုတောင်းမိပါတယ်….။]
Comment #3
လယ်တောမှအပြန်ဆိုတဲ့ ပုံကလည်း လယ်ကွင်းပုံစံမမြင်ရဘူး တောထဲရောက်နေသလိုပဲနော် ညီမလေး ဟီး သိသွားရင် မမကို ဒီဇိုင်းနာကြီးတွေ ကျောနေဦး ပြန်မပြောနဲ့နော်။ မမလည်း ကဗျာနှစ်ပုဒ်နဲ့ ဆောင်းပါးပဲ ၂ နှစ်ပြည့်မှာ ထည့်ဖြစ်တယ် ညီမလေးရေ…
Comment #1
ဆရာ ဇော်ဂျီရဲ့ လယ်တောမှအပြန် ကဗျာလေးကို ပြန်လည်မြင်ယောင်နေပါတယ်။ အားပေးနေတယ်ညီမလေးရေ ရေးအား ကောင်းလှချည်လား မမကိုလည်း ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်ပေးဦးလေ