လမ်းခွဲခြင်း ၄နှစ်မြောက် အမှတ်တရ
လမ်းခွဲ
ရာဇ၀င်နဲ့ပြောရရင်
အဲဒီနေ့က
တောင်သူလယ်သမားနေ့ပေါ့…
အဲဒီနေ့က
ငါ့ရင်အစုံ
ကြိုးပြတ်သွားတဲ့
စွန်တစ်ကောင်လိုဝဲကျ
ငါ့ချစ်သူနဲ့
ရေမြေခြား ခွဲခဲ့ရတယ်….
အရင်ကဆို
အိမ်ပြန်လမ်းခွဲ
အဖြစ်လဲ မသဲခဲ့ပါဘူး
အခုတော့
ရေခြားမြေခြား
ခဏသွားနေတော့
အဖြစ်သဲတယ်ဆိုချင်ဆို
ပြိုကျတဲ့အလွမ်းတွေက
၂၄နာရီကျော်နေပြီ……. သားချို
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service