သည်မိန်းမ
သည်မိန်းမဟာ သိပ်အတ္တကြီးတယ် | ||||||||||||||||
နှုတ်ခမ်းကို အမြဲစေ့ထားပြီး ခက်ထန်တဲ့ မျက်နှာ ၊ | ||||||||||||||||
သူလိုမှ စကားလာပြောလေ့ ရှိတယ် | ||||||||||||||||
သည်မိန်းမ ဟာ သိပ်ရက်စက်တယ် | ||||||||||||||||
အိမ်ပြန်ရောက်တဲ့အခါ သူ့ လုပ်စရာတွေ လုပ်ကိုင်ပြီးတာနဲ့ | ||||||||||||||||
အခန်းပိတ် လော့ချ | ||||||||||||||||
” အိပ်ပြီ ” တစ်ခွန်းသာအကြောင်းကြားတတ်တယ်။ | ||||||||||||||||
(သူ့ ရင်ဘတ်ဟာ ယန္တရားစက်တွေနဲ့  လည်ပတ်နေတာ) | ||||||||||||||||
သည်မိန်းမဟာ သိပ်မာယာများတယ် | ||||||||||||||||
စူဠသုဘဒ္ဒါဆိုတာ သူ့ အရင်က ဘဝ | ||||||||||||||||
သူ့ အလှမှန်သမျှဟာ မာနနဲ့  ရံထားတဲ့ဆူးတွေ | ||||||||||||||||
ဟက်… ဘယ်လို စုန်းကဝေ ဆိုးမ ပါလိမ့် | ||||||||||||||||
အနားတိုးပြီး ရူးစေခဲ့တာ ဖျက်ပြင်မရတဲ့ အမှား ကျူးလွန်မိတဲ့အထိ တိုင်အောင်ပဲ | ||||||||||||||||
(သိပ်ကြောက်ဖို့ ကောင်းတယ်) | ||||||||||||||||
သည်မိန်းမဟာ သည်းခံစိတ် လုံးဝမရှိဘူး | ||||||||||||||||
သူ့အပေါ် စကားတစ်ခွန်းလောက်မှားရင် | ||||||||||||||||
လေယာဉ်ပျံကြီးနဲ့ မသေမချင်းကြိတ်သတ်မတတ် | ||||||||||||||||
ကက်ကက်လန်အောင် ရန်ဆောင် | ||||||||||||||||
ဂလဲ့စားချေဖို့ တွေးကြံနေလေ့ရှိတယ် | ||||||||||||||||
သည်မိန်းမဟာ ဆေးစွဲနေတဲ့ ဘိန်းသမားလိုပဲ | ||||||||||||||||
အချိန်ရောက်လာရင် စိတ်အချဉ်ဖောက်လာ ၊ | ||||||||||||||||
သူလက်ကိုသူ ဓါးတွေနဲ့ခြစ် ၊ | ||||||||||||||||
သူ့ဓါတ်ပုံကို ပစ်မှတ်ထား မြှားနဲ့ပေါက် | ||||||||||||||||
ပြီးတော့ | ||||||||||||||||
သူ့ရင်ဘတ်ကို သူဖိပြီး | ||||||||||||||||
“လိမ်လိမ်မာမာနေ” လို့ ရေရွတ်နေတတ်သေးရဲ့ | ||||||||||||||||
( တကယ်စိတ်မမှန်တော့တဲ့ မိန်းမ ) | ||||||||||||||||
သည်မိန်းမဟာ ငါးစိမ်းသည်မ | ||||||||||||||||
နေတက်ရေတက် နေကျရေကျ အချိန်မရွေး | ||||||||||||||||
ဦးနှောက်ထဲ အကြိမ်ကြိမ်ရောက်လာ အမူအရာ/အပြောအဆိုတွေနဲ့  | ||||||||||||||||
အာရုံခံစားမှုကို ထုသတ်တတ်သေးတယ် | ||||||||||||||||
သည်မိန်းမ ဟာ သိပ်ရယ်ရတယ် | ||||||||||||||||
ပေါက်ကရတွေ အမြဲလိုလို လျှောက်ရေး | ||||||||||||||||
ကဗျာလိုလို / Diary လိုလို – ဟိုယောင်သည်ယောင်ခေါင်းစဉ်တွေတပ် | ||||||||||||||||
ပြီးတော့ | ||||||||||||||||
သူဟာ ကဗျာနဲ့  အတူ ကမ္ဘာပေါ်ရောက်ရှိလာတဲ့ သူ ဆိုလား ဝံ့ကြွား | ||||||||||||||||
မာန်တွေ လှိမ့်တက်နေသေးရဲ့ | ||||||||||||||||
(တခါမှ အဲဒီ ယောင်စာတန်း တွေ ကို မဖတ်ချင်/မဖတ်ခဲ့/ မဖတ်ဘူးတာ-တကယ် ) | ||||||||||||||||
သည်မိန်းမ အကြောင်းပြောရင် ကုန်မယ်မထင်ဘူး | ||||||||||||||||
အန္တရာယ်-မြေပွေးမြွေဟောက်လို မိန်းမ | ||||||||||||||||
အနားမှာ အနေကြာရင် အလိုလို ဝါးမျိုခံရမယ့် ကိန်းမို့  | ||||||||||||||||
မနက်ြဖန် သည်မိန်းမကို | ||||||||||||||||
ကွာရှင်းပြတ်စဲမယ်။ _________________________________________
|
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မနက်ဖြန်မိုးလေဝသသတင်းမှာ ဖျားနာကင်းပါစေသား မျှော်လင့်ချက်ထားမိတယ်
ကိုယ့်ကမ္ဘာရဲ့  ရာသီဥတုဆိုတာ ချစ်သူက အတည်ပြုပေးမှ လည်ပတ်တာပါ
……………………..
အားပေးမြဲ ….. အားပေးဆဲ