နှင်းဆီ
နှင်းဆီ
ပျို့ဥယျာဉ်ဝယ်
ပန်းတို့ခစား၊ ဆူးခက်တို့ရံ
ရနံ့မှာသင်း၊ ဆင်းလှခြင်းနဲ့
မြင်သူ ဩချရတဲ့ ပြိုင်သူရှုံးရဲ့
လှခေါင်နှင်းဆီ။ ။
သည်ဂုဏ် သည်အလှတွေနဲ့
သူ့အကာ သည်ဆူးတွေကြောင့်
ချူလိုသူ လုလင်ပျိုမယ်
ခူးဝံ့မရဲတယ်။
တောင်ဇမ္ဗူတန်သူ ရှိလောက်ငဲ့
အလှမာန်တက် ဥပက္ခာသူပြုပြန်တော့
လှမ်းလိုသူသည်အမောင်မှာ
ရင်ကွဲပြန်တယ်။ ။
အော်နှင်းဆီရယ်
သွင်ပြင်အလှဆိုတာ
တဒင်္ဂပါကွဲ့
အချိန်တစ်ခုမယ် ကြွေခရမယ်
ထာဝရစိတ်အလှကို
မြင်တတ်အောင် ကြည့်စမ်း…
မရခင်ချစ် ရရင်ပစ်
ခူးပြီးချွေ ယူပြီးချိုး
ရုပ်အလှအခြေပြု
အပေါ်ယံအတုပစ်လို့
မြတ်နိုး တွယ်တာ
ယုယညှာတာတဲ့
လောကတခဏ ခိုနွဲ့ဖေးမသူကိုကြင်
အပြုံးဆင်ယင် ထာဝရလန်းစေချင်ပ
သည်မောင့်စိတ်ထား..
သို့ဆိုရင်
နှင်းဆီရယ် (မေးချင်တယ်)
မင်းလှမ်းလာမလား ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service