Professional Authors

ဆိုးတဲ့သူ..

မငြူစူပါနဲ့…
လိုချင်တာယူ….
ကြည်ဖြူပြီးသားလေ…….

အတူတူဆို….
ပူပင်စရာတွေ..မေ့….
ကိုယ့်စိတ်မှာ….
ပျော်စရာတွေပဲ ပြည့်နေခဲ့တာပါ…..

မင်းအနားရှိရင်….
အရာရာကို မေ့ထားချင်သူမို့…
ရင်ထဲကို မြင်အောင်ကြည့်……
စိတ်ထဲက… အလိုလိုသိမှာပါ……..

တစ်ခါတစ်ခါ…မရည်ရွယ်တာတွေကြောင့်
နားလည်မှုလွဲ…
မင်းနဲ့.ကိုယ်နဲ့…
စကားတွေ…နည်းနေကြရင်လေ…..

နေမင်းဟာ .. ပိုပူ..
ရင်ထဲမှာ ဗလောင်ဆူလို့….
လေပြေညင်းရဲ့ အေးမြခြင်းတောင် ပျောက်ကွယ်….
ကိုယ့်စိတ်က…
မှောင်အတိ..ကျလို့ပေါ့………..

မင်းရယ်နေမှ..
ကိုယ်က ပျော်ရွှင်ရတာမို့….
မင်း..အမြဲပြုံးရအောင်….
ကိုယ်…စွမ်းဆောင်ပါ့မယ်…..

မဆိုးနဲ့ကွယ်…
ရင်မှာစိုးထိတ်…
စိတ်မှာပိတ်လှောင်…
အမုန်းဆိုတာ မှောင်တယ်တဲ့…..

အမြဲတမ်းချစ်ခင်…အတူတူ ခရီးနှင်ကြမယ်…
လမ်း..ဘယ်လောက်ကြမ်း…ဘယ်လို..ပမ်းစေ…
အနွမ်းပြေအောင်…အပြုံးကိုဆောင်မယ်

နောက်ဆို..
ကိုယ့်ကို….
စိတ်သိပ် မကောက်ပါနဲ့….နော်….

လေးညှို့ရှင်
(၉.၃.၂၀၁၄)
06:32 PM

In: ကဗျာ Posted By: Date: Mar 10, 2014
Comment #1

ကဗျာဖတ်ပြီး ပြုံးမိသွားတယ်.. ကြည်နူးဖွယ်စကားလုံးလေးတွေက ရင်ထဲထိ ခုံဆင်း.သွားတယ်ဗျ

ကျေးဇူး
ကျွန်တော် တကယ် ပြုံးဖို့ လိုအပ်နေတဲ့အချိန်

commentinfo By: အသဲကွဲမိုး at Mar 10, 2014
Comment #2

အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ အသဲကွဲမိုး….
ကျွန်တော့် စာသားတွေကို ခံစားပေးသွားတဲ့အတွက်လဲ ကျေးဇူးပါ
နောက်လည်း အားပေးပါဦးဗျာ 🙂

commentinfo By: laynhyotshin at Mar 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment