Professional Authors

မိုး ကျ ရွှေ ကိုယ်

ကောင်းကင်ပေါ်ရောက်ချင်တော့
ရေကန်အသင့် ကြာအသင့် . . .

ငါလည်း အမြင့်ကြောက်တာနဲ့
နွေရာသီတစ်ခုကို ဦးညွှတ်လိုက်ပြီး
သစ်ရွက်ခြောက်တွေနဲ့အတူ ကြွေကျပစ်ခဲ့တယ်
တိမ်တွေအလွှာလိုက် ကွာကျနေတုန်းမှာပေါ့

စဉ်းစားကြည့်စမ်းပါ
တစ်စုံတစ်ခုကို
တန်ရာတန်ကြေးမပေးပဲ ယူရင်
ဘယ်သူနာမည်ကောင်း ရခဲ့ဖူးလဲလို့
လူရယ်လို့ ဖြစ်လာကတည်းက
ရွှေဇွန်းကိုက်မွေးခဲ့တာ မဟုတ်လေတော့
အကျည်းတန်ခြင်းကိုဖုံးဖိဖို့ ဝေစုများများမရခဲ့ဘူး
ဒီလိုနဲ့ ကောင်းကင်ဟာ မင်းနဲ့မတန်ဘူး အပြောခံရတော့တာပဲ
တကယ်တော့ ငါဟာ
လေမှာ စုန်ဆန်စီးမျောတဲ့ ပျံလွှားတစ်ကောင်ဖြစ်ချင်တာ
မည်းမှောင်နေတဲ့ တိမ်တိုက်ထဲမှာရော
ရောင်စုံသက်တန့်ပေါ်မှာရော
လွတ်လပ်စွာ
အနှောင်အဖွဲ့ကင်းစွာ ရှင်သန်ချင်တာ
ဒါကို သူသိတဲ့အခါ
ငါဟာ လူတစ်ယောက်သာသာမှန်း
ပီပီသသ လူတစ်ယောက် ဖြစ်ချင်မှန်း
အများနဲ့မတူ
ဇောက်ထိုးဆင်းခဲ့သော
မိုး ကျ ရွှေ ကိုယ် မှန်း
.  .  .  .  .  .
.  .  .  .
.  .
.
# Lynn Eain Thin <>

In: ကဗျာ Posted By: Date: Mar 10, 2014
Comment #1

လူရယ်လို့ ဖြစ်လာကတည်းက
ရွှေဇွန်းကိုက်မွေးခဲ့တာ မဟုတ်လေတော့
အကျည်းတန်ခြင်းကိုဖုံးဖိဖို့ ဝေစုများများမရခဲ့ဘူး

commentinfo By: Karyan Thit at Mar 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment