လွမ်းတေး – ၅
အဲဒီရွာကလေးထဲကို (ဘယ်နှကြိမ်မြောက်မှန်းမသိ) ကျွန်တော် ရောက်နေမိခဲ့ပြန်တယ် | |
ရွာကမ်းစပ်ကိုကပ်ငြိတဲ့အလွမ်းတွေဆယ် ပန်းပွင့်ဟန်သဖွယ် သရုပ်ဖော်စီခြယ်ထားတဲ့ |
|
သည်လူ့ ရင်ဘတ်မှာတော့ လတ်ဆတ် ထုံသင်းနေဆဲ | |
သ တိ ရ တယ်….သ တိ ရ တယ် … သ တိ ရ တယ် .. ရွာသူကြီးရယ် | |
ကမ်းထိအောင် ကပ်ငြိရောက်မလာနိုင်ခဲ့တဲ့ အလွမ်းတွေကိုရော….. အမှိုက်သရိုက်လိုမျောပစေပေါ့ဆိုကာ လျစ်လျူရှုထားခဲ့ပါသလား??? |
|
ခြေရာကောက်ကာ ဖွေရှာသိမ်းဆည်း ခဲ့ပါသလား??? ( မသိရခဲ့ပါဘူး) | |
သေချာတာကတော့ အဲသည် အလွမ်းတွေဟာလည်း စံချိန်မှီ အလွမ်းစစ်စစ်တွေဆိုတာ ပါပဲ။ | |
ရွာသူကြီးရေ…… ဟောသည်ကောင်ရင်ဘတ်က အလွမ်းခတ်သံတွေ များထုံခဲ့လွန်းတော့ ကြိုးချင်းထိခတ် ပွန်း ပြတ် တိုက် မိ |
|
အသံထွက်တွေလွဲကာ သံစဉ်ကြမ်း နူးညံ့ခဲ့လိမ့်မယ်မဟုတ်ဘူး ဒါပေမယ့် … နှလုံးသားတွင်းဟိုးအနက်ရှိုင်းဆုံးနေရာထိ ဒဏ်ရာဒဏ်ချက်တွေထပ်ခဲ့ရတာ |
|
စာ နာ နား လည် စွာ ဖြည့်ဆွက် နားဆင်ကြည့်ပါကွယ်။ | |
အလွမ်းချင်းတူခဲ့ပါလျက်နဲ့ (ကျွန်တော်တို့ )ဘာ့ကြောင့်လမ်းတွေကွဲ လူခြင်း လွဲခဲ့ကြရပါသလည်း ??? ခုချိန်ထိ အဖြေရှာမရသေးဘူး |
|
ဟိုနား သည်နား ပြန့် ကျဲနေတဲ့ မိုးကောင်းကင်အောက်က စုံတွဲတွေမြင်တိုင်း သည်ကောင့်ရင်ဘတ်က ဆို့ နင့် နာ ကျင် နေခဲ့ |
|
အဲသည် စကားလုံးလေးတွေနဲ့တင် ရင်ကိုအေးမြစေခဲ့သော ဖဝါးရှင်ထံမှာ ကျွန်တော်မျိုးမ ပါးပြင်အပ်နှင်းလိုခဲ့ပါတယ် ပါးပြင်အပ်နှင်းချင်ခဲ့လွန်းပါတယ်။ |
|
။အမှန်တွေမို့  တကိုယ်စာ အပြည့် ခါးသက်နေရတုန်းပါပဲ။ | |
စတေးခဲ့သမျှ…. ဆွေးခဲ့သမျှ .. အချိန်ရေစီးထဲမှာ …. ဝေး သ ထက် အ ဝေး ကြီး မျော ကွာ ခဲ့ ရ/မျော ကွာ ခဲ့ ကြ |
|
ရွာသူကြီး .. ကျွန်တော့် ချစ်ရပါသော ရွာသူကြီးရေ.. | |
သည့်ကောင့် ရင်မှ လျံ ကျ လာ သော သည် တစ် ခေါက် အလွမ်း ခတ် သံ ကို
\\\”နောင်တ\\\” လို့ သာ ခေါင်းစဉ်တပ်လိုက်ပါ။ |
|
ဟိုးးးးးးးးးးးးးး(လှမ်းကြည့် မှန်းကြည့် မမှီနိုင်တော့အောင်) အဝေးကြီးက | |
ပျော်ရွှင်ကြည်နူးရယ်မောခဲ့ရသော အခိုက်အတန့်  မှာ အတိတ်ပညတ်ကြီးကပ်ပါနေပါစေ သည်ကောင်က ပစ္စုပ္ပန်လို့ အသေမှတ် ဖက်တွယ် နှစ်သက်နေဆဲသူ / |
|
အဲသည် ခင်ဗျားရွာမှာပဲခေါင်းချသေဆုံးလိုလောက်တဲ့ထိ မြတ်နိုးနေခဲ့ရသူ |
|
ဆိုတာ | |
သိပေးပါ | |
မြင် ပေး ပါ | |
ယုံ ကြည် ပေး ပါ … ။ | |
သည်တမ်းချင်းဟာလည်း အရင်ကလို အရင်ကအတိုင်း ငြီးငွေ့ ဖွယ်ရနံ့ တွေသာပြည့်နှက်လို့  မလှပနိုင်ခဲ့ခြင်းအတွက် ဥပေက္ခာပြုခဲ့လိုက်ပါဦး |
|
(ကျွန်တော့်) ရွာသူကြီးရယ် | |
ခင် ဗျား ကို သေ လောက် အောင် လွမ်း နေ မိ တော့
အဲဒီရွာကလေးထဲမှာ (ဘယ်နှကြိမ်မြောက်မှန်းမသိ) ကျွန်တော် လှမ်းလျှောက်နေမိခဲ့ပြန်တယ် |
Comment #3
ကလောင်သွားထက်ပါပေတယ် ကိုအသဲကွဲမိုး
၂၀၁၀ ကတည်းက ဖေတ်ခဲ့ရတဲ့ အကို့ကဗျာစာသားတွေက
၂၀၁၀ တုန်းကလိုပဲ ပရိတ်သတ်ကို ကဗျာဆိုလိုရင်း ရဲ့sourceကိုပေးနိုင်တုန်းပါ
ယာရှင်ကိုမျောက်မောင်း ဆိုသလို တချို့ကဗျာဆရာတွေလို သူများ ဒီ theme ဆို
ကိုယ်လည်း ဒီ theme မရေးပဲ ကိုယ့်လမ်းကြောင်းလေးအတိုင်း ခံစားမှုတွေကို မျှဝေပေးတဲ့အတွက်ကဗျာပိုင်ရှင်ကိုလေးစားလျက်ပါဗျာ ဆက်လက်အားပေးနေပါဦး
မည်။
By: Adversary at Oct 31, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလွမ်းချင်းတူခဲ့ပါလျက်နဲ့ (ကျွန်တော်တို့ )ဘာ့ကြောင့်လမ်းတွေကွဲ လူခြင်း လွဲခဲ့ကြရပါသလည်း ???
ခုချိန်ထိ အဖြေရှာမရသေးဘူး
….
သည်တမ်းချင်းဟာလည်း အရင်ကလို အရင်ကအတိုင်း ငြီးငွေ့ ဖွယ်ရနံ့ တွေသာပြည့်နှက်လို့ 
မလှပနိုင်ခဲ့ခြင်းအတွက် ဥပေက္ခာပြုခဲ့လိုက်ပါဦး
(ကျွန်တော့်) ရွာသူကြီးရယ်
မိုး…..
……
….
စသိတဲ့ ၂၀၁၀ ကတည်းက ခုထိ စာသားအချို တူညီနေတုန်းပါပဲ….။ ။