နွေ
နွေ
မကြွေလိုသည်ကို ခြွေလို့
မခြွေလိုသည့် အသည်းကိုကြွေစေသည့်
နွေ
နွေ
မခမ်းလိုသည့် စမ်းကိုခမ်းစေလို့
ခမ်းစေလို့သည့် အလွမ်းကို ကြမ်းစေသည့်
နွေ
နွေ
မခွဲလိုသည့် ဥသြကြင်ဖော်ခြားစေလို့
မခြားစေလိုသည့် ချစ်စကိုခွဲရက်တယ်
နွေ
နွေ
ခုတော့ဝေးကြပြီ နွေ
+ နောင်ရိုးစစ် +
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service