မြိုချထားတဲ့………ပဲ့တင်သံ
အိပ်မက်ကို
ဖွင့်ဖတ်လိုက်တိုင်း
အနာဂတ်မှာ
မြူတွေဆိုင်းလို့…..
ခြေလှမ်းတွေမှားခဲ့တာ
ဘယ်လား…ညာလား
သေချာမကွဲပြားတော့တဲ့အထိပဲ
ရင်ဘတ်ကို…စည်တီးချိန်
(အတည်ငြိမ်ဆုံး)
အပြုံးနဲ့….ဖုံးတယ်
ဒါပေမယ့်
အတွင်းမှာတော့
ပဲ့….တင်……ထပ်…………လို့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service