မင်းတောင်းဆိုရင်
“မင်းတောင်းဆိုခဲ့ရင်”
Juno… မင်းတောင်းဆိုခဲ့ရင်…
ငါ့မာနကြောင့်၊ အမြဲတမ်းလို
ငြင်းပယ်ခဲ့တဲ့၊ အရာရာကို
ပြုလုပ်ဖို့ ၀န်းမလေးဘူး…။
Juno… မင်းတောင်းဆိုခဲ့ရင်…
ငါ့အတ္တကြောင့်၊ တစိုက်မတ်မတ်
လုပ်မိခဲ့တဲ့၊ သောက်ကျင့်တွေကို
ရှောင်ကျဉ်ဖို့ ဂတိပေးတယ်…။
Juno… မင်းတောင်းဆိုခဲ့ရင်…
ဘာပဲဖြစ်ဖြစ်၊ နှစိကြိမ်နှစ်ခါ
မစဉ်းစားဘူး၊ မတွေဝေဘူး
ရူးရူးမိုက်မိုက် လက်ခံလိုက်မယ်…။
Juno… မင်းတောင်းဆိုခဲ့ရင်…
မင်းရှေ့အမြဲ၊ မင်းအတွက်ငါ
လူတွေနဲ့ငါ၊ မှားမှားမှန်မှန်
ရင်ဆိုင်ဖို့ မတုန်လှုပ်ဘူး…။
Juno… ငါ့အတွက်တော့…
တောင်းဆုတစ်ခု၊ မျှော်လင့်မိတယ်
“ချစ်မိတဲ့သူကို အစဉ်အမြဲ
ချစ်မြတ်နိုးနေခွင့်ပေးပါ…”။
Comment #1
taung so dar le myar nay par p,,
pay hma ma pay dar,,