အရှုံးနှစ်ထပ်
လမ်းခွဲပြတ်စဲရေး အမှုအတွက်
အမုန်းတရားခွင်ကြားမှာ
လှည့်စားမှုနဲ့သံယောဇဉ်အတုတို့က တစ်ဖက်
မေတ္တာတရားနဲ့ သစ္စာတရားကတစ်ဖက်
ယှဉ်ပြိုင်လုယက်နေတဲ့ရက်တွေရဲ့အဆုံးမှာ
သူ့မျက်ရည်လက်နက်နဲ့
ကျွန်တော် ရှုံးခဲ့ပါတယ်
မမုန်းရက်ပါကွယ်ဟု မဆိုခဲ့
ပြုံးလျက်ပဲအဆုံးသတ်ခဲ့တယ်
ချစ်မပြယ်လေတော့
နှစ်ထပ်ကိန်းနဲ့အရှုံးဖက်
နှလုံးသွေးတွေရပ်လည်း
အမုန်းကြွေးတွေအတွက်
အလွမ်းတွေနဲ့ဆပ်ပါ့မယ်
++ နောင်ရိုးစစ် ++
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တယ်ဆိုတဲ့ စာပါလား………