အို သင်္ကြန်
အို သင်္ကြန်တဲ့ သင်္ကြန်
ကဲလိုက်မယ်အကြံနဲ့
လက်ချိုးရေ ရက်ကိုတွက်
ရှည်လျားတဲ့ဒီနွေရက်….
ညသောအခါ အိပ်တွေမက်
အတာရေချမ်းအေးချက်ကြောင့်
သူကလေးက တအားဖက်
ပိတောက်ပွင့်တောင် ရှက်….
ဟယ် အတွေးတွေတစ်ဝက်မှာရပ်
မွေးမေမေ ပြဌာန်းချက်က
” ငါ့သားလေး ပဉ္ဇင်းတက်” တဲ့…….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟီဟီ ဦးပဉ္ဇင်းရေ သာဓုပါဗျာ
ကျနော်တို့တော့ ပျော်လိုက်ဦးမယ်