အနာဂတ်အတွက်…..ပြုံး….:)
အပိုင်တော့မတွက်ထားနဲ့မောင်ကျော်
အနတ္တဆိုတာ….ဘုရားဟောပဲ
တကယ်မရှိတဲ့အတ္တကိုမဆုပ်ကိုင်စမ်းပါနဲ့
မင်းလမ်းပျောက်သွားမယ်
အစွဲအလမ်းမကြီးစမ်းပါနဲ့မောင်ကျော်
ကျေကျေနပ်နပ်ရစ်ပတ်ခံနေတတ်ပြီလား
ကြိုးထုံးတွေကိုဖြတ်ဖို့ခက်တာ
ငါကိုယ်ချင်းစာပါတယ်ကွာ
အားမလျှော့စမ်းပါနဲ့မောင်ကျော်
“ဘ၀”..အဲဒါကိုရပြီဆိုတာနဲ့
မင်းမနားတမ်း”က”ရမှာပဲ
ဒဿဂီရိလို..ကမလား
ဦးဖိုးစိန်လို….ကမလား
မင်းသေသေချာချာစဉ်းစား
မယုတ်ညံ့မိစေနဲ့မောင်ကျော်
ဘယ်ကိုပဲသွားချင်သွားချင်
မင်းဘာသာမင်းသွားပါကွာ
ပထမတွေ…ဒုတိယတွေကအရေးမကြီးဘူး
အရေးကြီးတာကမင်းလိုရာရောက်ဖို့ပဲ
အဆင့်တွေမဟုတ်ဘူးကွ
တန်ရာတန်ရာပဲရမယ်မောင်ကျော်
မင်းက….၀က်သားဆိုရင်
ဝက်သားကြိုက်တဲ့လူက၀ယ်လိမ့်မယ်
မင်းက….ပဲပင်ပေါက်ဆိုရင်
ပဲပင်ပေါက်ကြိုက်တဲ့လူက၀ယ်လိမ့်မယ်
ဒါပေမယ့်…မင်းစိတ်ဓာတ်မကျပါနဲ့
လူတော်တော်များများကတော့
တန်ဖိုးဆိုတာကို….
အပေါစားပေတံတွေနဲ့ပဲတိုင်းတတ်ကြတယ်ကွ
ပြုံးထားစမ်းပါမောင်ကျော်
မင်းရှုံးမယ်ဆိုရင်တောင်ပြုံးလိုက်စမ်းပါ
သေတဲ့အထိတော့မင်းမရှုံးနေပါဘူး
ကျိန်းသေပေါက်ရောက်လာမယ့်အနိုင်တွေအတွက်
မင်းကြိုပြီးပြုံးထားလိုက်တော့မောင်ကျော်
မင်းပြုံးတာကြီးကမလှပေမယ့်
မှုန်သုန်နေတာထက်တော့
မဆိုသလောက်လေးသာပါတယ်မောင်ကျော်
ဟုတ်တယ်
မင်းပြုံးလိုက်တော့မောင်ကျော်…………..
Comment #1
အစွဲအလမ်းမကြီးစမ်းပါနဲ့မောင်ကျော်
ကျေကျေနပ်နပ်ရစ်ပတ်ခံနေတတ်ပြီလား
ကြိုးထုံးတွေကိုဖြတ်ဖို့ခက်တာ
ငါကိုယ်ချင်းစာပါတယ်ကွာ
…..
တစ်ပုဒ်လုံးကောင်းတယ်….အားပေးသွားပါသည်။