……… နာကျင်ခြင်းဖြင့် လွမ်းနေသူ……..
……… နာကျင်ခြင်းဖြင့် လွမ်းနေသူ……..
ဟိုအရင်က မင်းပြောခဲ့တဲ့ စကားတွေ
ငါဘယ်တော့မှမမေ့ပါဘူး
သို့ သော်….
ငါမရှိ ဘဲ မင်းဘ၀ကြီး ရပ်တည်လို့ရ ပါ့မလား
အခြေအနေတွေပေးခဲ့၇င်
ငါ မင်းရဲ့  အနီးဆုံးမှာနေချင်ပါတယ်
ဒီအချိန်ဟာ အပျော်ရွှင် ဆုံးပေါ့…..။
လရောင်တွေနဲ့ လန့်လန့်နိုးလို့
သိပ်ဆိုးတဲ့ အထီးကျန်ဆန်မှုမျိုးနဲ့
အိပ်မက်တွေရဲ့  အပြင်မှာ
ဒီနေ့ဟာ ငါမင်းကို သိပ်လွမ်းတဲ့နေ့
အခါခါလန့်နိုးခဲ့ရပေါ့ ကောင်မလေးရေ..။
အလွမ်းတွေမပါပဲ ကိုယ်ပျော်နေချင်တယ်
ဘာကိုမှမခံစားချင်လောက်တဲ့ ဝေဒနာပေါ့
ငါ့ဘ၀ရဲ့ အနာအဆာတွေကို ငါအလိုမကျ
ငါ့လောကရဲ့ စိတ်ပျက်စရာတွေကို ငါအထာမကျ
ဒီလိုနဲ့ …..
အဝေးကမင်းရယ်သံကို မကြားရတာကြာတော့
စိတ်ထဲက အဆင်မပြေမှုက ပတ်ဝန်းကျင်ကို အရောင်ဆိုးခဲ့တယ်…။
သစ်ရွက်မရှိတဲ့ သစ်ပင်ပာာ
ဘာမှမဖြစ် ပေမဲ့
သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့
အမှိုက် ဖြစ်သွားတယ်တဲ့ 
အဝေးကိုငေးကြည့်ပြီးတော့ နင့်ကိုလွမ်းမိတယ်
သစ်ရွက်တွေကြွေတာမြင်ရင် နင့်ကိုသတိရတယ်
ေ ပျော်ရွှင်နေတဲ့ ငါ့စိတ်တွေကို နင့်အကြောင်းတွေက
တဒင်္ဂ ငိုင်စေခဲ့ တယ်…….။
မရေရာေ၀၀ါးခြင်းတွေရဲ့ ကြားမှာ
ကျန်နေခဲ့တဲ့  ခရီး ဘယ်အထိ ဆန့် ရဦးမလည်း
ေ ဝေးကွာခြင်းရဲ့ အစွန်းတစ်ဖက်မှာ မင်းအတွက် ငါ
အလွမ်းတွေ တမ်းတခြင်းတွေ သီကုံးရင်းကွယ်….။
နေ၀န်းခန့် 
(ဒီကဗျာကို ကျွန်တော် ရေးပါတယ်
ဒါပေမဲ့ 
ညီငယ်လေးတစ်ယောက်အတွက်ရေးပေးခြင်းဖြစ်ပါတယ်
သူဆီ ပြန်ခွင့်မတောင်းပဲ တင်ဖြစ်သွားပါတယ်…..ကြိုက်လို့ပါ….)