♣♣♣ ကဗျာ နှင့်  ပုန်ကန်ခွင့်ပြုပါ ♣♣♣
♣♣♣ ကဗျာ နှင့်  ပုန်ကန်ခွင့်ပြုပါ ♣♣♣
မျက်ဝါး ထင်ထင်ပါပဲ….
ကျကျချင်းပဲ ရနံ့ တွေ ထထပျံသွား တယ်
တစ်စိမ့်စိမ့်  အေးလို့ …..
ကိုယ့်ရှင်သန်မှု လွတ်မြောက်ရာ စိမ့်စမ်းတွေဆီ
ကဗျာလို့ ပီပီသသ အော်ဆိုဖို့
တရွေ့ရွေ့ ငါလျှောက်တဲ့  ခရီး
အချိန်အခါမဟုတ် ထထကြမ်း
ညီစေ မျှစေ သူ့ဘက် ကိုယ့်ဘက်
ရဲရင့်မှု က ကမ္ဘာ ကို ကျယ်ပြန့် စေ…။
မြင် မိတာ …..
ခေတ်မျက်နှာစာက ဆင်ဆာမဲ့လူမှုရေး ပြသနာတွေကြား
တစ်ယောက်အသံကိုတစ်ယောက် နားမလည်သေးဘူး
ဖြန့်ကားပြီး ရောက်လာခဲ့သူတွေရေ
ဖောက်ထွင်းပြီးလည်း ထွက်မလာခဲ့သူတွေရေ
ဘယ့်နှယ်လဲ…ဘယ့် နှယ် လည်း
အရသာမရှိဘူး အရသာမရှိဘူးနဲ့
မင်းကိုယ်တိုင်ကော အရသာရှိရဲ့လား….။
မြင် ပါစေ….
ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့ 
တော်လှန်ရေးလုပ်လို့ မရဘူးဆိုရင်
သစ်ရွက်တွေကြွေပြီးသွားတဲ့အခါ
တိမ်တိုက်တွေ အသစ်လဲပြီး တဲ့ အခါ
ငါတို့ အတ္တတွေ ခရီးဆုံးသွား တဲ့အခါ
တစ်နေ့နေ့တော့ မြှားဟာ ဗဟိုချက် ထိမှာပဲ
ဘာပဲပြောပြော….
ကိုယ်တို့နဲ့ ကမ္ဘာကြီးရဲ့ဆက်ဆံရေးက
အကောင်းဆုံး အနေအထားမှာ ရှိနေ ဦးမှာပါ ။
နေ၀န်းခန့် 