ကမ္ဘာပျက်ခြင်း
ကမ္ဘာဟာ နေကို လည်ပတ်နေသလိုမျိုး
ငါဟာ နင့်အတွက် ရှင်သန်လည်ပတ်နေတာတော့ မဟုတ်ဘူး။
ဒါပေမဲ့…
ဒါကိုငါသိနေလည်း…
ငါမှ မရပ်တန့်နိုင်ခဲ့ဘဲ…. နင့်အတွက် ငါ့ရဲ့ အချစ်တွေကို။
ငါ့ရဲ့စိတ်တွေ ထွေပြားခြင်းရဲ့အစဟာ နင်။
ငါ့ရဲ့ဆင်ခြင်တုံတရား ပျက်သုဉ်းခြင်းရဲ့အစဟာ နင်။
ငါ့ရဲ့ ကမ္ဘာလည်း နင့်အတွက် စောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတယ်ပေါ့။
Moon (3/4/2014)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service