မရည်ရွယ်ခဲ့ဘူး
ဒဏ်ရာတွေ မပေးခဲ့ချင်တာ
ကိုယ် ကိုယ်တိုင်ပဲ သိတယ်။
ဒါပေမယ့် …
နှလုံးသားအလိုကို မလွန်ဆန်နိုင်ခဲ့
မင့် မျက်နှာလေး ညိုရင်
ငါ့နှလုံသားတို့ ငိုကြရတယ်။
မင့်အပြုံးတို့ မမြင်ရရင်
ငါ့မျက်လုံးတို့ ကွယ်ချင်တယ်ကွယ်။
မာနအလွှာပါးပါး ကြားက ခြားထားလည်းပဲ
မင်းနဲ့ငါ့ရဲ့ သံယောဇဉ်တွေ
မင်းမမြင်ပေမယ့်
ငါ မြင်နေရတယ် … ။ ။
ချစ်ရသူရေ …
ဂုဏ်ငွေစည်းစိမ်တွေ ကိုယ်မကြွယ်ပါဘူးကွယ်
ဒါပေမယ့် …
ချစ်ရသူရဲ့လိုအင်ဆန္ဒအား
ကိုယ့် လက်နှစ်ဖက်စွမ်းအား
ကိုယ့် နှလုံသား မေတ္တာအားဖြင့်
ဖြည့်ဆည်း ပြည့်ဝစေချင်တယ် … ။ ။
ကိုယ့်ရဲ့တဖက်သတ် သံယောဇဉ်
မင့်အပေါ် …
ဒဏ်ရာတွေ ပေးမိပြီလား
ကိုယ် ကိုယ်တိုင်ကို ဝေခွဲမရ
ဒီလိုနဲ့ပဲ တဖြည်းဖြည်း ဝေးလွှင့်
နာကျင်နေကြရတော့မှာလား။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service