ငါသိပ်မခံစားရပါဘူး…
ငါသိပ်မခံစားရပါဘူး။
ငါ့နှလုံးသားနည်းနည်းထိရှမိသွားတာ။
အသည်းဟက်တက် ကွဲတာ မဟုတ်ပါဘူး။
တမြေ့မြေ့နဲ့ ချေမွခံ နေရတာ။
ဒဏ်ရာ က နာကျင်လွန်းတာ မဟုတ်ပါဘူး။
တဆစ်ဆစ် နဲ့ ခံရခက်လွန်းတာ။
ဒီလိုပါပဲ …
ဝိုင်တစ်ခွက်သောက်
ငါ ကြိုးစားကြိတ်မှိတ် အိပ်ပျော်တဲ့ချိန်
အိပ်မက်ထဲတောင်
နင်ဝင်လာတာ
ခက်တယ်။
Moon (April 6, 2014)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service