“သာတီသရီး….”
၃၃..တဲ့…
ဘ၀မှာ..
အကျိုးမဲ့စွာနဲ့…
အချိန်တွေဘယ်လောက်..ကုန်ဆုံးခဲ့ပြီလဲ…
ပြန်မရနိုင်တော့တဲ့..
ဖြူစင်တဲ့စိတ်ဓါတ်များ…
ရိုးသားစွာ..လှုပ်ရှားခဲ့တဲ့ ဟိုးငယ်စဉ်ကာလ…
အားလုံးကို သတိရတယ်…..
ခုချိန်မှာတော့
လောက ရေပြင်ကျယ်မှာ..အသားတကျ ကူးခတ်….
မနစ်မြုပ်အောင် ဖြတ်သန်းတတ်ခဲ့ပေါ့..
သင်ရိုးကျေမှ….အကျမနာမှာလေ…..
ချွေးထွက်များမှ..သွေးထွက်နည်းမယ်တဲ့…
ကြားဖူးတဲ့ ဆိုရိုးစကား…
ကိုယ့်အတွက်တော့ အမှားချည်းပဲ…..
ချွေးအစား…သွေးချည်းပဲထွက်နေမှတော့….
ကိုယ့်သွေးကို ပြန်သောက်….
ရောက်နိုင်ခဲတဲ့ ပန်းတိုင်မပျောက်ဖို့အရေး…
ရင်းနှီးပေးဆပ်…
ကိုယ်..နေတတ်ပါတယ်……
အကာအရံ ပါးပါးလေးအုပ်…
ကိုယ့်စိတ်ကို..
ဘယ်တော့မှ အပြင်မထုတ်တော့ဘူး…
လုံခြုံစွာသိမ်းဆည်း…
တိတ်တိတ်လေးပဲ..သီချင်းညည်းနေမယ်…..
ရှေ့လာမယ့် အနာဂါတ်မှာ..
ဘာတွေရင်ဆိုင်ရမယ် မသိပေမယ့်….
အိပ်မက်တွေနဲ့ချီတက်…
ကဗျာတွေပဲ..ရေးစပ်လို့ပေါ့……
၃၃ တဲ့…
အချိန်တွေ ဘယ်လောက်ဖြုန်းခဲ့သလဲ…
သေချာတာကတော့…
ကိုယ့်ကိုကိုယ်…ပြန်မမုန်းသေးသ၍…
လူတွေကိုကြည့်ရင်း…
ကျွန်တော်လေ…..
ဆက်ပြီး….
ပြုံးနေမိဦးမယ်…………..
လေးညှို့ရှင်
(၉.၄.၂၀၁၄)
08:13 AM
(မွေးနေ့မှာ အမှတ်တရရေးဖြစ်တဲ့ကဗျာ)
Comment #1
လေးညှို့ရှင်
(၉.၄.၂၀၁၄)
08:13 AM
ကဗျာအောက်ဆုံးမှာ ဒီလိုအမှတ်သားမျိုးလေး ရေးတာကို သဘောကျမိတယ်
၃၃..တဲ့…
ဘ၀မှာ..
အကျိုးမဲ့စွာနဲ့…
အချိန်တွေဘယ်လောက်..ကုန်ဆုံးခဲ့ပြီလဲ…