Professional Authors

၂၁ရာစုရောဂါ

ငါတို့ ရှုရှိုက်နေတဲ့ 
နေ့ စဉ်ဝင်သက်တွေထဲ
အမှားဘယ်နှရာခိုင်နှုန်းပါသလဲ
မင်းမတွေးမိသလို
ငါလည်းမမေးမိဘူး…
ထားပါ…
ဒီဘက်ခေတ်လူဖြစ်ရခြင်းဟာ
ရှေးရှေးတုန်းကထက်ပိုလတ်ဆတ်လိမ့် မယ်
ဆိုတဲ့ အတွေး
ငါ့ အသိစိတ်ထဲတော့
ထည့်လို့ မရသေးဘူးရယ်…

လူငယ်ဟာ
ရိုးသားနေရမယ်….
ထက်မြက်နေရမယ်…
တက်ကြွနေရမယ်…
မကောက်ကျစ်ရဘူး…
မယုတ်မာရဘူး….
မရမ်းကားရဘူးဆိုတဲ့ အကြောင်း
အထက်တန်းကျောင်းက
ခေါင်းလောင်းထိုးသံကတော့
သင်ပေးလိုက်တာပါပဲ..
ဆိုပါစို့ ကွာ…

ခုခံအားကျဆင်းနေတဲ့ ခေတ်ကို
ဆေးမြီတိုနဲ့ ဖြတ်ကျော်မယ်ဆို
ရင်ဘတ်အပိုတစ်စုံလိုမယ်…
အဓမ္မတရားလိုမယ်..
ဘယ်သူသေသေငတေမာနိုင်ရမယ်…
အဲ့ လောက်ဆို
မင်းမနက်ဖြန်တိုင်းမှာ
မိုးခါးရေအလျှံပယ်ရှိနိုင်တယ်…
သို့ ပေမယ့်
အများစုရဲ့ 
မျှော်လင့် ချက်တွေက
ဖာရာ ထေးရာအထပ်ထပ်နဲ့ 
တောက်ပမှုတွေမဲ့ နေတယ်..
ဒီတော့ငါ့ ကောင်..
မင်း ကိုယ့်လိပ်ပြာကိုယ်ဆေးပြီး
ကိုယ့်သမိုင်းကိုယ် အဖြူထည်သက်သက်ရေးသင့် တယ်..
ငါတို့ ရောက်နေတာက
တတိယကမ္ဘာစစ်ကို
မျက်စောင်းထိုးနေတဲ့ 
လေဒီဂါဂါခေတ်..
အသစ်အသစ်တွေ ဈေးကောင်းရနေချိန်
ရိုးသားမှုကလွဲပြီး
သုံးစားမရတော့တဲ့ 
အတွေးအခေါ်ဟောင်းတစ်ချို့ 
မြောင်းထဲပို့ သင့် ပို့ ရမယ်…
နာမည်ကောင်းဟစ်ယုံနဲ့ 
နာမည်မကောင်းလာနိုင်ဘူးဆိုတာ
မင်းနားလည်ပါ..
စားဝတ်နေရေးကစလို့ 
လွှတ်တော်နိုင်ငံရေးအထိ
တီးမိခေါက်မိရှိပါစေသူငယ်ချင်း…

(လင်းသစ်)
၁၆.၈.၂၀၁၂

In: ကဗျာ Posted By: Date: Apr 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment